သြဇာကြီးမားတဲ့ မြန်မာ စီးပွားရေး ပညာရှင် ဒေါက်တာ လှမြင့်အတွက် ဂုဏ်ပြုပွဲ ကျင်းပမယ်

0
305

နိုင်ငံတကာ စီးပွားရေး ပညာရှင် အသိုင်းအဝိုင်းမှာ သြဇာကြီးမားတဲ့ ဒေါက်တာ လှမြင့် မတ်လ ၉ ရက်နေ့က ကွယ်လွန်မှု အမှတ်တရအဖြစ် ဂုဏ်ပြုပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

ဒေါက်တာ လှမြင့် ဂုဏ်ပြုပွဲကို မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ် နီလာရတုခန်းမမှာ ကျင်းပမှာပါ။

သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ မိဘမဲ့ ကလေးများကို အဟာရဒါန ကျွေးမွေးခြင်းတွေ လုပ်ဆောင်မှာပါ။ ဒေါက်တာ လှမြင့် အမှတ်တရ ဂုဏ်ပြုစကားကို ဒေါက်တာ ဦးမြင့်၊ ဒေါက်တာ သန်းညွန့်၊ ဒေါက်တာ မြတ်သိန်း၊ သံအမတ်ကြီး ဦးလှမောင်၊ ဆရာမကြီး ဒေါ်ခင်ခင်သိန်းတို့က ပြောကြားမှာပါ။

ဒေါက်တာ လှမြင့်ဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ ရန်ကုန် စီးပွားရေးတက္ကသိုလ်ကို ပြန်လည် ထူထောင်ပြီး ပါမောက္ခ၊ ပါမောက္ခချုပ်ရာထူးများ တာဝန်ထမ်းဆောင်ပါတယ်။ အဲဒီနောက် လန်ဒန်စီးပွားရေးကျောင်း (LSE) မှာ ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)