မလေးရှား မာလင်ဒို (Malindo) လေကြောင်းလိုင်း ကွာလာလမ်ပူ-မြန်မာ ပြေးဆွဲမယ်

0
325

မလေးရှား အခြေစိုက် မာလင်ဒို (Malindo) လေကြောင်းလိုင်းဟာ ရန်ကုန်ကနေ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူကို ဒီလကုန်က စပြီး ပြေးဆွဲမှာ ဖြစ်ပါတယ်။

မာလင်ဒို လေကြောင်းလိုင်းဟာ မလေးရှား စရိတ်သက်သာ လေကြောင်းလိုင်း ဖြစ်ပြီး နှစ်နိုင်ငံ မြို့ နှစ်မြို့အကြား တပတ်ကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ လေးရက် ပြေးဆွဲမှာ ဖြစ်ပါတယ်။

လေကြောင်းမှာ ခရီးသည် ၁၆၂ ယောက် ဆံ့ဘိုးအင်း ၇၃၇-၈၀၀ ER လေယာဉ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပါတယ်။
မာလင်ဒို လေကြောင်းလိုင်းဟာ ၂၀၁၃ ခုနှစ်ကတည်းက ပြည်တွင်း ပြေးဆွဲနေတာ ဖြစ်ပြီး အခုအခါမှာတော့ နိုင်ငံ ၁၅ နိုင်ငံကို ပြေးဆွဲ ဝန်ဆောင်မှု ပေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)