စင်ကာပူ-မြန်မာ သက်မွေးဝမ်းကျောင်း အင်စတီကျူ့ကို မြန်မာအစိုးရထံ လွှဲပေးမယ်

0
315

စင်ကာပူက ထူထောင်ပေးထားတဲ့ စင်ကာပူ-မြန်မာ သက်မွေးဝမ်းကျောင်း အင်စတီကျု (AMVTI) ကို မြန်မာအစိုးရဆီ လွှဲပြောင်း
ပေးအပ်လိုက်ပါတယ်။

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ စင်ကာပူ ဝါရင့် ဂုဏ်ထူးဆောင် ဝန်ကြီးချုပ် မစ္စတာ ဂိုချုပ်ဆောင်က လက်မှတ်ရေးထိုးပြီး မနေ့က မတ်လ ၁၅ ရက်နေ့က လွှဲအပ်ပေးတာ ဖြစ်ပါတယ်။

မြန်မာအစိုးရက သက်မွေးဝမ်းကျောင်း အင်စတီကျုရဲ့ ရန်ပုံငွေနဲ့ စီမံခန့်ခွဲမှုကို လွှဲယူမှာ ဖြစ်ပြီး စင်ကာပူက နည်းပညာနဲ့ စီမံခန့်ခွဲမှုအတွက် ကျွမ်းကျင်အောင် အကူအညီ ပေးမှာ ဖြစ်ပါတယ်။

မစ္စတာ ဂိုချုပ်တောင်ဟာ မတ်လ ၁၄ ရက်နေ့ကစပြီး မြန်မာနိုင်ငံကို သုံးရက်ကြာ အလည်အပတ် ရောက်ရှိနေတာ ဖြစ်ပြီး သမ္မတ ဦးထင်ကျော်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)