အိမ်ထောင်ရေး ဖောက်ပြန်တယ်ဆိုပြီး လင်က မယားကို သတ်မှု ဖြစ်ပွား

0
277

ပဲခူးမြို့နယ်၊ မဲခုန်ကျေးရွာအုပ်စု၊ ကျိုက်ပေါကျေးရွာ မြို့ရှောင်လမ်းဘေး၊ ခွေးသေရိုးချောင်းအနီးမှာ မတ် ၁၅ ရက်နေ့က အမျိုးသမီးတစ်ဦး အသတ်ခံရပါတယ်။

အသတ်ခံရသူက မသက်သက်ဝင်းဖြစ်ပြီး သတ်တဲ့သူက သူမရဲ့ ခင်ပွန်းဖြစ်သူ သန့်ဇင်ဦး (ခ) သန့်ဇင်ထွန်း ဖြစ်ပါတယ်။
သူတို့ နှစ်ဦးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ကနေ ပဲခူးမြို့ရှောင် လမ်းဘေးက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လာရောက် အလုပ်လုပ်နေကြတာပါ။

အခင်းမဖြစ်ပွားမီက သန့်ဇင်ဦးနဲ့ ဇနီး မသက်သက်ဝင်းတို့ဟာ အရက်အတူတူ သောက်ခဲ့ကြပါတယ်။ အရက်သောက်ပြီး ပြန်လာစဉ်မှာ ရှေးဟောင်းနှောင်းဖြစ်များ ပြောရင်း မသက်သက်ဝင်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်စဉ်က ဖောက်ပြန်ခဲ့တဲ့အကြောင်း ပြောဆိုရာကနေ သန့်ဇင်ဦးက မသက်သက်ဝင်းကို သတ်ခဲ့တာ ဖြစ်ပါတယ်။

ပဲခူးမြို့မ ရဲစခန်းက သန့်ဇင်ဦး (ခ) သန့်ဇင်ထွန်းကို ရာဇသတ်ကြီးပုဒ်မ ၃၂၆ အရ အမှုဖွင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)