အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဒေါ်ခင်ဝိုင်းကြည်ကို ပါတီက နုတ်ထွက်ခွင့်ပြု

0
335

အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်ဝိုင်းကြည်ကို ပါတီက နုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ ပါတီရဲ့ ထုတ်ပြန်ချက်အရ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ပါတီနိုင်ငံရေး ဆက်မလုပ်နိုင်တော့တာမို့ မတ်လ (၁၄) ရက်နေ့မှာ နုတ်ထွက်ခွင့် ပြုလိုက် တာလို့ ဖော်ပြထားတာပါ။ ဒေါ်ခင်ဝိုင်ကြည်ဟာ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းမှာ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့ပြီး ၅၉(စ) ပြင်ဆင်မှုကို ကန့်ကွက်တဲ့ လှုပ်ရှားမှုတွေနဲ့အတူ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုတွေမှာ အဓိကပါဝင်ခဲ့သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)