မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတတွေအဖြစ် ကျမ်းသစ္စာကျိမ်ဆိုကြဖို့ ရှိနေ

0
280

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဦးထင်ကျော်၊ ဒုတိယသမ္မတ တွေအဖြစ် ရွေးကောက်တင်မြှောက်ခံထားကြရတဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ လာမယ့် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတတွေအဖြစ် ကျမ်းသစ္စာကျိမ်ဆိုကြဖို့ ရှိနေပါတယ်။ အဲ့ဒီနေ့မှာပဲ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ပြည်ထောင်စုအဆင့် ၀န်ကြီးကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်မယ့် အစိုးရအဖွဲ့တွေပါ ကျမ်းသစ္စာကျိန်ဆိုကြရမှာပါ။ အဲ့ဒီနောက်မှာတော့ နိုင်ငံတော်အကြီးအကဲ အာဏာ အပ်နှင်းမယ့် အခမ်းအနားကိုတော့ နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားပြီး လက်ရှိ သမ္မတ ဦးသိန်းစိန်ထံကနေ သမ္မတသစ် ဦးထင်ကျော်က တာဝန်လွှဲပြောင်း ရယူမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)