ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ဖို႔ တုိင္းရင္းသားအားလံုး ခ်စ္ခင္ရင္းႏွီးစြာနဲ႔ ဝိုင္းဝန္းႀကိဳးပမ္းဖို႔ လို (႐ုပ္/သံ)

0
1006

ႏိုင္ငံဖြံ႔ျဖိဳးတိုးတက္ဖို႔အတြက္ ျမန္မာအပါအ၀င္ တိုင္းရင္းသားေတြအားလံုး ခ်စ္ခင္ရင္းႏွီးစြာနဲ႔ ၀ိုင္း၀န္းႀကိဳးပမ္းေဆာင္ရြက္ၾကဖို႔ လိုအပ္တယ္လို႔ ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္က ေျပာၾကားလုိက္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

ေဖေဖာ္၀ါရီလ (၁၆) ရက္ေန႔က ရန္ကုန္တိုင္းေဒသၾကီး လသာျမိဳ႕နယ္မွာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ ဖြင္႔ပြဲအခမ္းအနားမွာ ရန္ကုန္တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက အခုလို ေျပာၾကားခဲ႔တာပါ။

အင္တာဗ်ဴး။ ။ ဦးျဖိဳးမင္းသိန္း(၀န္ႀကီးခ်ဳပ္)
ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕

အဲ႔ဒီဖြင္႕ပြဲအခမ္းအနားမွာ ျမန္မာႏိုင္ငံနဲ႔တရုတ္ႏိုင္ငံဟာ ႏွစ္ေပါင္းမ်ားစြာ ကူးလူးဆက္ဆံခဲ႔တဲ႔ ႏိုင္ငံ ၂ ႏိုင္ငံျဖစ္ျပီး ရွည္လ်ားတဲ႔ နယ္နိမိတ္ၾကီးလည္း တည္ရွိတာေၾကာင့္ ျမန္မာႏိုင္ငံဖြား တရုတ္အႏြယ္၀င္အားလံုးဟာ ၀ိုင္း၀န္းၾကိဳးစားေပးၾကဖို႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးတင္ေမာင္ထြန္းက ေျပာပါတယ္။

အင္တာဗ်ဴး။ ။ဦးတင္ေမာင္ထြန္း(ဥကၠ႒)
ရန္ကုန္တိုင္းေဒသႀကီးလြတ္ေတာ္

အဲ႔ဒီအခမ္းအနားကို ရန္ကုန္တိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ လွ်ပ္စစ္နဲ႔ လမ္းပန္းဆက္သြယ္ေရး၀န္ႀကီး ေဒၚနီလာေက်ာ္၊ လူမႈေရး၀န္ႀကီး ဦးႏိုင္ငံလင္း၊ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ဦးတင္ေမာင္ထြန္းနဲ႔ ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီးတို႔ တက္ေရာက္ ဖြင့္လွစ္ခဲ့ တာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာအပါအဝင် တိုင်းရင်းသားတွေအားလုံး ချစ်ခင်ရင်းနှီးစွာနဲ့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

ဖေဖော်ဝါရီလ (၁၆) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်မှာ တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။

အင်တာဗျူး။ ။ ဦးဖြိုးမင်းသိန်း(ဝန်ကြီးချုပ်)
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

အဲ့ဒီဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံနဲ့တရုတ်နိုင်ငံဟာ နှစ်ပေါင်းများစွာ ကူးလူးဆက်ဆံခဲ့တဲ့ နိုင်ငံ ၂ နိုင်ငံဖြစ်ပြီး ရှည်လျားတဲ့ နယ်နိမိတ်ကြီးလည်း တည်ရှိတာကြောင့် မြန်မာနိုင်ငံဖွား တရုတ်အနွယ်ဝင်အားလုံးဟာ ဝိုင်းဝန်းကြိုးစားပေးကြဖို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ပြောပါတယ်။

အင်တာဗျူး။ ။ဦးတင်မောင်ထွန်း(ဥက္ကဋ္ဌ)
ရန်ကုန်တိုင်းဒေသကြီးလွတ်တော်

အဲ့ဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ တက်ရောက် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)