ျပန္လည္လက္ခံေရးနဲ႔ ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ျပည္ထဲေရး၀န္ႀကီး သြားေရာက္ ေဆြးေႏြး (႐ုပ္/သံ)

0
1006

ဘဂၤါလီဒုကၡသည္ေတြ အေရးနဲ႔ပတ္သက္ၿပီး ဘဂၤလားေဒ့ရွ္တာ၀န္ရွိသူေတြဆီကို ျပည္ထဲေရး၀န္ၾကီးက သြားေရာက္ေဆြးေႏြးေနပါတယ္ ။ ဒီသတင္းကိုေတာ့ MCN ေနျပည္ေတာ္သတင္းေထာက္ ၿဖိဳးသက္ပိုင္ျမင့္က ေပးပို႔ထားပါတယ္။

ျပည္ထဲေရး၀န္ၾကီး ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ ေခါင္းေဆာင္တဲ့ အဖြဲ႔ဟာ ေဖေဖာ္၀ါရီ ၁၅ ရက္ေန႔က ဘဂၤလားေဒ့ရွ္ႏုိင္ငံ ဒါကာၿမိဳ႕ကိုေရာက္ရွိေနတာပါ။
ခရီးစဥ္အတြင္းမွာ ဘဂၤလားေဒ့ရွ္ျပည္ထဲေရး၀န္ၾကီးအပါအ၀င္ တာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆံုျပီး ဘဂၤလီဒုကၡသည္အေရးကို ႏွစ္ႏုိင္ငံေဆြးေႏြးသြား မွာျဖစ္တယ္လုိ႔ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ၾကီး ဦးသိန္းေဆြက ေဖေဖၚ၀ါရီ ၁၆ ရက္က သတင္းမီဒီယာသမားေတြနဲ႔ ေတြ႕ဆံုစဥ္မွာ ေျပာပါတယ္။

Interview – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ဘဂၤလားေဒ့ရွ္က ျပန္လာမယ့္ ဘဂၤလီေတြကို ျပန္လည္လက္ခံမယ့္ လုပ္ငန္းစဥ္ကို ဇန္န၀ါရီ ၂၃ ရက္မွာ စတင္ဖုိ႔ ျမန္မာ – ဘဂၤလားေဒ့ရွ္ ႏွစ္ႏုိင္ငံသေဘာတူထားေပမယ့္ အခုေတြ႕ဆံုမႈမတုိင္ခင္အထိ ဘဂၤလားေဒ့ရ္ွဘက္က ျပန္လာသူမရွိေသးတာပါ ။
အခုလို ဒုကၡသည္ေတြျပန္မလာနိုင္ေသးတာက ျမန္မာႏိုင္ငံဘက္က ေပးပို႔ထားတဲ့ ေဖာင္ေတြကို ျဖည့္ဖုိ႔ အခ်ိန္လိုအပ္တယ္လို႔ သံရုံးကတဆင့္ စံုစမ္းသိထား ရျပီး အစုိးရခ်င္း တရား၀င္အေၾကာင္းၾကားခ်င္းေတာ့ မရွိေသးဘူးလုိ႔ အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ၾကီး ဦးသိန္းေဆြက ေျပာပါတယ္ ။

Interview – ဦးသိန္းေဆြ ( ျပည္ေထာင္စု၀န္ၾကီး၊အလုပ္သမား၊လူ၀င္မႈၾကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား၀န္ၾကီး႒ာန)

ဘဂၤလီဒုကၡသည္ေတြ ကို ျပန္လည္လက္ခံဖို႔အတြက္ ငါးခူရနဲ႔ ေတာင္ျပိဳလက္၀ဲတုိ႔မွာ ျပန္လည္လက္ခံေရးစခန္း ၂ ခု၊ လွဖိုးေခါင္မွာ ၾကားစခန္းတို႔နဲ႔ ျမန္မာႏိုင္ငံဘက္က အသင့္ရွိေနျပီး လာမယ့္ မုိးရာသီမတိုင္ခင္မွာ ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္ေတြကို စတင္ႏုိင္ဖို႔ ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂါလီဒုက္ခသည်တွေ အရေးနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေဆီကို ပြည်ထဲရေးဝန်ကြီးက သွားရောက်ဆွေးနွေးနေပါတယ် ။ ဒီသတင်းကိုတော့ MCN နေပြည်တော်သတင်းထောက် ဖြိုးသက်ပိုင်မြင့်က ပေးပို့ထားပါတယ်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ခေါင်းဆောင်တဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကိုရောက်ရှိနေတာပါ။
ခရီးစဉ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေးဝန်ကြီးအပါအဝင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂလီဒုက္ခသည်အရေးကို နှစ်နိုင်ငံဆွေးနွေးသွား မှာဖြစ်တယ်လို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ဖေဖေါ်ဝါရီ ၁၆ ရက်က သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံစဉ်မှာ ပြောပါတယ်။

Interview – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့် ဘင်္ဂလီတွေကို ပြန်လည်လက်ခံမယ့် လုပ်ငန်းစဉ်ကို ဇန်နဝါရီ ၂၃ ရက်မှာ စတင်ဖို့ မြန်မာ – ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူထားပေမယ့် အခုတွေ့ဆုံမှုမတိုင်ခင်အထိ ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာသူမရှိသေးတာပါ ။
အခုလို ဒုက္ခသည်တွေပြန်မလာနိုင်သေးတာက မြန်မာနိုင်ငံဘက်က ပေးပို့ထားတဲ့ ဖောင်တွေကို ဖြည့်ဖို့ အချိန်လိုအပ်တယ်လို့ သံရုံးကတဆင့် စုံစမ်းသိထား ရပြီး အစိုးရချင်း တရားဝင်အကြောင်းကြားချင်းတော့ မရှိသေးဘူးလို့ အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ် ။

Interview – ဦးသိန်းဆွေ ( ပြည်ထောင်စုဝန်ကြီး၊အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာန)

ဘင်္ဂလီဒုက္ခသည်တွေ ကို ပြန်လည်လက်ခံဖို့အတွက် ငါးခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာ ပြန်လည်လက်ခံရေးစခန်း ၂ ခု၊ လှဖိုးခေါင်မှာ ကြားစခန်းတို့နဲ့ မြန်မာနိုင်ငံဘက်က အသင့်ရှိနေပြီး လာမယ့် မိုးရာသီမတိုင်ခင်မှာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို စတင်နိုင်ဖို့ မျှော်လင့်ထားတာဖြစ်ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)