ပက္ျမန္မာ လူမႈအဖြဲ႕က USAID နဲ႔ ေပါင္းစပ္ဖြံ႕ၿဖိဳးေရး အစီအစဥ္ေတြ လုပ္ေဆာင္မယ္ (႐ုပ္/သံ)

0
1016

ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြကို လုပ္ေဆာင္ေနတဲ႔ ပက္ျမန္မာအေနနဲ႔ USAIDနဲ႔ ေပါင္းစပ္ဖြံ႔ျဖိဳးေရး အစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။ ဒီသတင္းကိုေတာ႔ MCN သတင္းေထာက္ ေအာင္သူက ေပးပို႔ထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း ဖြံ႔ျဖိဳးေရးလုပ္ငန္းေတြကို စီမံခန္႔ခြဲလုပ္ေဆာင္ေနတဲ႔ ပက္ျမန္မာလူမႈအဖြဲ႕က USAID နဲ႔ ေပါင္းစပ္ဖြံ႔ျဖိဳးေရး အစီအစဥ္ေတြကို ဆက္လက္ လုပ္ေဆာင္သြားဖို႔ရွိေနပါတယ္။

ဇန္န၀ါရီလ (၁၅)ရက္ေန႔က ရန္ကုန္ျမိဳ႕ lotte hotel မွာ ပက္ျမန္မာနဲ႔ မိတ္ဖက္အဖြဲ႔အစည္းေတြရဲ႕ (၆)ႏွစ္တာေဆာင္ရြက္ခဲ့တဲ့ ေရွ႕သို႕ က႑စံု ေပါင္းစပ္ဖြံ႕ၿဖိဳးေရး စီမံကိန္းနဲ႔ပတ္သတ္ၿပီး ေဆြးေႏြးခဲ့တာပါ။

အင္တာဗ်ဴး။ ။ မအိအိဟန္(Deputy Programs Director)
ပက္ျမန္မာ

ပက္ျမန္မာဦးေဆာင္ျပီး ခ်က္စပီ၊ မာရီစတုပ္ စတဲ႔ မိတ္ဖက္အဖြဲ႔အစည္းေတြနဲ႔ (၆)ႏွစ္တာ ျပဳလုပ္ခဲ႔တဲ႔ အဲဒီစီမံကိန္းမွာ မိခင္နဲ႔ ကေလးက်န္းမာေရးေစာင္႔ေရွာက္မႈ၊ အသက္ေမြး၀မ္းေက်ာင္း လုပ္ငန္းေတြ၊ စားနပ္ရိကၡာဖူလံုမႈ စတဲ႔ လုပ္ငန္းေဆာင္ရြက္ခ်က္ေတြကို ျမန္မာႏိုင္ငံအပႈပိုင္းေဒသနဲ႔ ကယားျပည္နယ္အတြင္း ျမဳိ႕နယ္(၂၃)ျမိဳ႕နယ္က ေက်းရြာေပါင္း ၂၈၀၀ ေက်ာ္တို႕ကိုေထာက္ပံ႔ကူညီေပးျပီးျဖစ္ပါတယ္။

အင္တာဗ်ဴး။ ။ မအိအိဟန္(Deputy Programs Director)
ပက္ျမန္မာ

ပက္ျမန္မာဟာ ျမန္မာႏိုင္ငံရဲ႕ အၾကီးဆံုးလူမႈအဖြဲ႕အစည္းေတြထဲက တစ္ခုအပါအ၀င္ျဖစ္ၿပီး ၁၉၉၇ ခုႏွစ္ကတည္းက လူမႈဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ စတင္ေဆာင္ရြက္လာခဲ႔တာျဖစ္ပါတယ္။ ေပါင္းစပ္ဖြံ႕ျဖိဳးေရးအစီအစဥ္ေတြအေနနဲ႔ ျမိဳ႕နယ္ ၃၅ ၿမိဳ႕နယ္က လူ (၃)သန္းေက်ာ္ကို ၀န္ေဆာင္မႈေပးေနတာျဖစ္ပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ပက်မြန်မာအနေနဲ့ USAIDနဲ့ ပေါင်းစပ်ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် အောင်သူက ပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံခန့်ခွဲလုပ်ဆောင်နေတဲ့ ပက်မြန်မာလူမှုအဖွဲ့က USAID နဲ့ ပေါင်းစပ်ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားဖို့ရှိနေပါတယ်။

ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်မြို့ lotte hotel မှာ ပက်မြန်မာနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ (၆)နှစ်တာဆောင်ရွက်ခဲ့တဲ့ ရှေ့သို့ ကဏ္ဍစုံ ပေါင်းစပ်ဖွံ့ဖြိုးရေး စီမံကိန်းနဲ့ပတ်သတ်ပြီး ဆွေးနွေးခဲ့တာပါ။

အင်တာဗျူး။ ။ မအိအိဟန်(Deputy Programs Director)
ပက်မြန်မာ

ပက်မြန်မာဦးဆောင်ပြီး ချက်စပီ၊ မာရီစတုပ် စတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ (၆)နှစ်တာ ပြုလုပ်ခဲ့တဲ့ အဲဒီစီမံကိန်းမှာ မိခင်နဲ့ ကလေးကျန်းမာရေးစောင့်ရှောက်မှု၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ၊ စားနပ်ရိက္ခာဖူလုံမှု စတဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို မြန်မာနိုင်ငံအပှုပိုင်းဒေသနဲ့ ကယားပြည်နယ်အတွင်း မြို့နယ်(၂၃)မြို့နယ်က ကျေးရွာပေါင်း ၂၈၀ဝ ကျော်တို့ကိုထောက်ပံ့ကူညီပေးပြီးဖြစ်ပါတယ်။

အင်တာဗျူး။ ။ မအိအိဟန်(Deputy Programs Director)
ပက်မြန်မာ

ပက်မြန်မာဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးလူမှုအဖွဲ့အစည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၉၇ ခုနှစ်ကတည်းက လူမှုဖွံ့ဖြိုးရေးလုပ်ငန်းတွေ စတင်ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ ပေါင်းစပ်ဖွံ့ဖြိုးရေးအစီအစဉ်တွေအနေနဲ့ မြို့နယ် ၃၅ မြို့နယ်က လူ (၃)သန်းကျော်ကို ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)