ငါး၊ ပုဇြန္ တင္ပို႔မႈ ယာယီရပ္ဆိုင္းလိုက္တာနဲ႔ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ (႐ုပ္/သံ)

0
985

ဗီယက္နမ္ႏိုင္ငံအျပင္ ျမန္မာ၊ ဘဂၤလားေဒ႔ရွ္နဲ႔ အိႏိၵယတို႔ရဲ႕ ငါး၊ ပုဇြန္တင္ပို႔မႈကို ေဆာ္ဒီႏိုင္ငံက ယာယီရပ္ဆိုင္း လိုက္တာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္က သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ႔ပါတယ္။ ဒီသတင္း ကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ဗီယက္နမ္ႏိုင္ငံကေန ေဆာ္ဒီႏိုင္ငံကို ငါး၊ ပုဇြန္တင္ပို႔ေနတဲ႔ စက္ရုံေပါင္း ၂၄ ရုံကို ေဆာ္ဒီႏိုင္ငံ FDA က ဝင္ေရာက္စစ္ေဆးခဲ႔ရာ က်န္းမာေရးနဲ႔ သန္႔ရွင္းမႈ စံခ်ိန္၊စံညႊန္းနဲ႔ကိုက္ညီတဲ႔ စက္ရုံ ၉ ရုံသာရွိတာေၾကာင့္ ငါး၊ ပုဇြန္တင္သြင္းျခင္းကို ေဆာ္ဒီႏိုင္ငံက ယာယီရပ္ဆိုင္းလိုက္ပါတယ္။

အဲဒီလို ငါး၊ ပုဇြန္ တင္ပို႔မႈ ယာယီရပ္ဆိုင္းလိုက္ၿပီးေနာက္ပိုင္း ျမန္မာအပါအ၀င္ ဘဂၤလားေဒ့ရွ္နဲ႔ အိႏိၵယႏိုင္ငံက ေမြးျမဴေရး ေရထြက္ပစၥည္းတင္ပို႔မႈကို ယာယီဆိုင္းငံ႔ထားတယ္လို႔ ေဆာ္ဒီႏိုင္ငံ ေၾကညာထားတာေၾကာင့္ ငါး၊ ပုဇြန္ေမြးျမဴေရးကန္ေတြကိုလည္း စံခ်ိန္၊စံညႊန္းနဲ႔ ကိုက္ညီေအာင္ ျပင္ဆင္ထားဖို႔လိုေနတယ္လို႔ ျမန္မာႏိုင္ငံငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္းက ေျပာပါတယ္။

Soundbite ဦးေနစိုး (ဥကၠဌ) ျမန္မာႏိုင္ငံငါးေမြးျမဴေရးလုပ္ငန္းရွင္မ်ားအသင္း

အဲဒီလို ျမန္မာႏိုင္ငံက ငါး၊ ပုဇြန္တင္ပို႔မႈကို ယာယီဆိုင္းငံလိုက္တဲ႔အတြက္ ကုန္သြယ္မႈ ဆက္လက္လုပ္ေဆာင္ႏိုင္ဖို႔ ျမန္မာ့ကုန္သြယ္မႈျမင့္တင္ေရးအဖြဲ႔နဲ႔ ငါးလုပ္ငန္းဦးစီးဌာန ပို႔ကုန္ဌာနခြဲ တာဝန္ရွိသူေတြအျပင္ သက္ဆိုင္ရာတာဝန္ရွိသူေတြကိုလည္း တင္ျပထားတယ္လို႔ ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။

Soundbite ဦးဝင္းႀကိဳင္ (အေထြေထြအတြင္းေရးမွဴး) ျမန္မာႏိုင္ငံငါးလုပ္ငန္းအဖြဲ႔ခ်ဳပ္

၂၀၁၅-၂၀၁၆ မွာ ေမြးျမဴေရးငါး ျပည္ပတင္ပို႔မႈ အေမရိကန္ေဒၚလာ ၅၀၂ ဒသမ ၆၃ သန္းနဲ႔ ၂၀၁၆- ၂၀၁၇ မွာ ေမြးျမဴေရးငါး ျပည္ပတင္ပို႔မႈ အေမရိကန္ေဒၚလာ ၆၀၅ ဒသမ ၈၂ သန္း ရွိခဲ႔ၿပီး ၂၀၁၇-၂၀၁၈ အတြက္ ေမြးျမဴေရးငါး ျပည္ပတင္ပို႔မႈ အေမရိကန္ေဒၚလာ သန္း ၇၀၀ ခန္႔မွန္းထားေပမယ့္ ေဆာ္ဒီႏိုင္ငံ ငါး၊ ပုဇြန္တင္ပို႔မႈ ယာယီရပ္ဆိုင္းလိုက္တာေၾကာင့္ ေရထြက္ပစၥည္း ျပည္ပတင္ပို႔မႈ ခန္႔မွန္းခ်က္ျပည့္မွီဖို႔ အခက္အခဲေတြ ရွိလာႏိုင္တာ ျဖစ္ပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ်နိုင်ငံအပြင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ရဲ့ ငါး၊ ပုဇွန်တင်ပို့မှုကို ဆော်ဒီနိုင်ငံက ယာယီရပ်ဆိုင်း လိုက်တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်း ကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ဗီယက်နမ်နိုင်ငံကနေ ဆော်ဒီနိုင်ငံကို ငါး၊ ပုဇွန်တင်ပို့နေတဲ့ စက်ရုံပေါင်း ၂၄ ရုံကို ဆော်ဒီနိုင်ငံ FDA က ဝင်ရောက်စစ်ဆေးခဲ့ရာ ကျန်းမာရေးနဲ့ သန့်ရှင်းမှု စံချိန်၊စံညွှန်းနဲ့ကိုက်ညီတဲ့ စက်ရုံ ၉ ရုံသာရှိတာကြောင့် ငါး၊ ပုဇွန်တင်သွင်းခြင်းကို ဆော်ဒီနိုင်ငံက ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီလို ငါး၊ ပုဇွန် တင်ပို့မှု ယာယီရပ်ဆိုင်းလိုက်ပြီးနောက်ပိုင်း မြန်မာအပါအဝင် ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံက မွေးမြူရေး ရေထွက်ပစ္စည်းတင်ပို့မှုကို ယာယီဆိုင်းငံ့ထားတယ်လို့ ဆော်ဒီနိုင်ငံ ကြေညာထားတာကြောင့် ငါး၊ ပုဇွန်မွေးမြူရေးကန်တွေကိုလည်း စံချိန်၊စံညွှန်းနဲ့ ကိုက်ညီအောင် ပြင်ဆင်ထားဖို့လိုနေတယ်လို့ မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Soundbite ဦးနေစိုး (ဥက္ကဌ) မြန်မာနိုင်ငံငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း

အဲဒီလို မြန်မာနိုင်ငံက ငါး၊ ပုဇွန်တင်ပို့မှုကို ယာယီဆိုင်းငံလိုက်တဲ့အတွက် ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နိုင်ဖို့ မြန်မာ့ကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့နဲ့ ငါးလုပ်ငန်းဦးစီးဌာန ပို့ကုန်ဌာနခွဲ တာဝန်ရှိသူတွေအပြင် သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း တင်ပြထားတယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ပြောပါတယ်။

Soundbite ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး) မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်

၂၀၁၅-၂၀၁၆ မှာ မွေးမြူရေးငါး ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၅၀၂ ဒသမ ၆၃ သန်းနဲ့ ၂၀၁၆- ၂၀၁၇ မှာ မွေးမြူရေးငါး ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ ၆၀၅ ဒသမ ၈၂ သန်း ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ အတွက် မွေးမြူရေးငါး ပြည်ပတင်ပို့မှု အမေရိကန်ဒေါ်လာ သန်း ၇၀ဝ ခန့်မှန်းထားပေမယ့် ဆော်ဒီနိုင်ငံ ငါး၊ ပုဇွန်တင်ပို့မှု ယာယီရပ်ဆိုင်းလိုက်တာကြောင့် ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှု ခန့်မှန်းချက်ပြည့်မှီဖို့ အခက်အခဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)