ေရွးေဟာင္းဝတၳဳပစၥည္း တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားမႈ ၁၁ မႈ ရွိ (႐ုပ္/သံ)

0
936

၂၀၁၇ ခုႏွစ္အတြင္း ေရွးေဟာင္း၀တၳဳပစၥည္းေတြ တရားမ၀င္ေရာင္း၀ယ္ ေဖာက္ကားမႈနဲ႔ပက္သက္ၿပီး ဖမ္းဆီးရရွိမႈ (၁၁) မႈထိ ရွိခဲ့ပါတယ္။ ဒီသတင္းကုိ MCN သတင္းေထာက္ ေကသြယ္ ကေပးပို႔ထားပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၇ခုႏွစ္အတြင္း ရန္ကုန္တုိင္းေဒသႀကီးနဲ႔ ရွမ္းျပည္နယ္အတြင္း ေရွးေဟာင္း၀တၳဳပစၥည္း ကာကြယ္ ထိန္းသိမ္းေရးဥပေဒအရ အေရးယူေဆာင္ရြက္ခဲ့တဲ့ တရားခံ ၂ ဦးရွိခဲ့ၿပီး ဘုရားဆင္းတုေတာ္တရားမ၀င္ေရာင္း ၀ယ္မႈနဲ႔ဖမး္ဆီးရရွိမႈ ၉ မႈအထိဖမ္းဆီးရရွိခဲ့တယ္လို႔ ျပည္ထဲေရး၀န္ႀကီးဌာန ျမန္မာနုိင္ငံရဲတပ္ဖြဲ႕ ဌာနစိတ္ မႈခင္းဌာနခြဲ ရဲမွဴး ဦးေအာင္ေက်ာ္ျမင့္က ေျပာပါတယ္ ။

သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနက ဦးေဆာင္ၿပီး အမ်ဳိးသားျပတုိက္မွာ ၃ ရက္ၾကာ က်ငး္ပျပဳလုပ္ေနတဲ့ ေရွးေဟာင္း၀တၳဳပစၥည္းမ်ား တရားမ၀င္ေရာင္း၀ယ္ေဖာက္ကားမႈ တားဆီးေရးဆုိင္ရာေဆြးေႏြးပြဲမွာ အခုလိုေျပာ ဆုိခဲ့တာပါ။

Sound Bite ရဲမႈးေအာင္ေက်ာ္ျမင့္
ျမန္မာနုိင္ငံရဲတပ္ဖြဲ႔ (မႈခင္းဌာနခြဲ)

ေရွးေဟာင္းပစၥည္းတင္ပုိ႔ေရာင္းခ်သူေတြအေနနဲ႔ စီးပြားေရးအရ လက္၀ယ္ထားရွိသူေတြကုိ ေရွးေဟာင္း ၀တၳဳပစၥည္းမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒအရ ေထာင္ဒဏ္ ၁၀ ႏွစ္ထိ ခ်မွတ္နုိင္သလို ေငြဒဏ္အေနနဲ႔ က်ပ္သိန္းတစ္ရာထိ ခ်မွတ္ႏိုင္ပါတယ္။ အဲဒီလုိ သတ္မွတ္ျပဌာန္းထားေပမယ့္ လက္ေတြ႔မွာ ျပည္ပကုိ ေရွးေဟာင္းပစၥည္းေတြ တရားမ၀င္ေရာင္းခ်မႈေတြ ရွိေနေသးတာေၾကာင့္ ေထာင္ဒဏ္ေတြ၊ ေငြဒဏ္ေတြ တုိးျမွင့္ ခ်မွတ္လုပ္ေဆာင္နုိင္ဖို႔ ရွိေနပါတယ္။

Sound Bite ဦးေက်ာ္လြင္ဦး (ညႊန္ၾကားေရးမႈးခ်ဳပ္)
ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတုိက္ဦးစီးဌာန

ျပဌာန္းၿပီးျဖစ္တဲ့ ေရွးေဟာင္း၀တၳဳပစၥည္းမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒအရ မိဘမ်ဳိးရုိးအစဥ္ အဆက္ပုိင္ဆုိင္ခဲ့တဲ့ ႏွစ္ေပါင္း ၁၀၀ ႏွစ္အထက္ ေရႊထည္ပစၥည္းေတြကုိ သက္ဆုိင္ရာ၀န္ႀကီးဌာနကုိ အၿပီးအပုိင္ ေရာင္းခ်မယ္ဆုိပါက ကာလေပါက္ေစ်းအျပင္ ေရွးေဟာင္းစၥည္း ကာလတန္ဖိုးကုိပါ ထပ္ေပါင္းေပးအပ္သြား မွာျဖစ္ပါတယ္။ ပုိင္ရွင္ကုိယ္တုိင္ သိမ္းဆည္းမယ္ဆုိပါက မွတ္ပုံတင္ထားရွိၿပီး ထိန္းသိမ္းေစာင့္ေရွာက္မႈေတြ ျပဳလုပ္သြားရမွာျဖစ္ပါ
တယ္ရွင္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၂၀၁၇ ခုနှစ်အတွင်း ရှေးဟောင်းဝတ္ထုပစ္စည်းတွေ တရားမဝင်ရောင်းဝယ် ဖောက်ကားမှုနဲ့ပက်သက်ပြီး ဖမ်းဆီးရရှိမှု (၁၁) မှုထိ ရှိခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ကေသွယ် ကပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်အတွင်း ရှေးဟောင်းဝတ္ထုပစ္စည်း ကာကွယ် ထိန်းသိမ်းရေးဥပဒေအရ အရေးယူဆောင်ရွက်ခဲ့တဲ့ တရားခံ ၂ ဦးရှိခဲ့ပြီး ဘုရားဆင်းတုတော်တရားမဝင်ရောင်း ဝယ်မှုနဲ့ဖမး်ဆီးရရှိမှု ၉ မှုအထိဖမ်းဆီးရရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနစိတ် မှုခင်းဌာနခွဲ ရဲမှူး ဦးအောင်ကျော်မြင့်က ပြောပါတယ် ။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး အမျိုးသားပြတိုက်မှာ ၃ ရက်ကြာ ကျငး်ပပြုလုပ်နေတဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းများ တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးဆိုင်ရာဆွေးနွေးပွဲမှာ အခုလိုပြော ဆိုခဲ့တာပါ။

Sound Bite ရဲမှုးအောင်ကျော်မြင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ (မှုခင်းဌာနခွဲ)

ရှေးဟောင်းပစ္စည်းတင်ပို့ရောင်းချသူတွေအနေနဲ့ စီးပွားရေးအရ လက်ဝယ်ထားရှိသူတွေကို ရှေးဟောင်း ဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သလို ငွေဒဏ်အနေနဲ့ ကျပ်သိန်းတစ်ရာထိ ချမှတ်နိုင်ပါတယ်။ အဲဒီလို သတ်မှတ်ပြဌာန်းထားပေမယ့် လက်တွေ့မှာ ပြည်ပကို ရှေးဟောင်းပစ္စည်းတွေ တရားမဝင်ရောင်းချမှုတွေ ရှိနေသေးတာကြောင့် ထောင်ဒဏ်တွေ၊ ငွေဒဏ်တွေ တိုးမြှင့် ချမှတ်လုပ်ဆောင်နိုင်ဖို့ ရှိနေပါတယ်။

Sound Bite ဦးကျော်လွင်ဦး (ညွှန်ကြားရေးမှုးချုပ်)
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန

ပြဌာန်းပြီးဖြစ်တဲ့ ရှေးဟောင်းဝတ္ထုပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ မိဘမျိုးရိုးအစဉ် အဆက်ပိုင်ဆိုင်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ နှစ်အထက် ရွှေထည်ပစ္စည်းတွေကို သက်ဆိုင်ရာဝန်ကြီးဌာနကို အပြီးအပိုင် ရောင်းချမယ်ဆိုပါက ကာလပေါက်ဈေးအပြင် ရှေးဟောင်းစ္စည်း ကာလတန်ဖိုးကိုပါ ထပ်ပေါင်းပေးအပ်သွား မှာဖြစ်ပါတယ်။ ပိုင်ရှင်ကိုယ်တိုင် သိမ်းဆည်းမယ်ဆိုပါက မှတ်ပုံတင်ထားရှိပြီး ထိန်းသိမ်းစောင့်ရှောက်မှုတွေ ပြုလုပ်သွားရမှာဖြစ်ပါ တယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)