ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေရွ႕ေနမ်ားညီလာခံကို ရန္ကုန္ၿမိဳ႕မွာ က်င္းပမယ္ (႐ုပ္/သံ)

0
903

ျမန္မာတစ္ႏိုင္ငံလံုးက ေရွ႕ေနေတြပါ၀င္မယ့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေရွ႕ေနမ်ားညီလာခံတစ္ရပ္ကို ရန္ကုန္ျမိဳ႕မွာ က်င္းပဖို႔ရွိေနပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေမာင္ထက္က ေပးပို႔ထားပါတယ္။

ျပီးခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာအတြင္းမွာ ေရွ႕ေနေတြရဲ့ အခြင့္အေရးေတြဆံုးရႈံးခဲ့႕ရသလို ျပည္သူေတြအတြက္လည္း ဥပေဒအကာအကြယ္ကို မေပးႏိုင္ေအာင္တားဆီးခံခဲ့ရေပမယ့္ လက္ရွိအခ်ိန္မွာ ေရွ႕ေနေတြရဲ့ စုစည္းညီညြတ္မႈနဲ႔ လြတ္လပ္မွ်တမႈကို ျပသတဲ့အေနနဲ႔ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေရွ႕ေနမ်ားညီလာခံကို က်င္းပဖို႔ ေရွ႕ေနအသင္း အဖြဲ႔ေတြက ညိႈႏႈိင္းေဆြးေႏြးေနၾကတာပါ။

Soundbite-ေရွ႕ေနဦးေအာင္စိုးဦး (ဥကၠဌ)

ျမန္မာမီဒီယာေရွ႕ေနမ်ားကြန္ရက္

အဲ့ဒီ ညီလာခံကို လာမယ့္ ဒီဇင္ဘာလ အတြင္း ရန္ကုန္ျမိဳ႕မွာ လုပ္ဖို႕ရည္ရြယ္ထားျပီး ဥပေဒစကား၀ိုင္းေတြ ေဆြးေႏြး သြားမွာ ျဖစ္သလို ရလာဒ္ေတြကို ႏိုင္ငံေတာ္ အစိုးရဆီကို အၾကံျပဳေပးပို႔သြားဖို႔ရွိေနတာပါ။

Soundbite–ေရွ႕ေနဦးေအာင္စိုးဦး (ဥကၠဌ)
ျမန္မာမီဒီယာေရွ႕ေနမ်ားကြန္ရက္

ျမန္မာႏိုင္ငံရဲ့ တရားဥပေဒစိုးမိုးေရးဟာ လက္ရွိမွာ အားနည္းေနေသးျပီး ေရွ႕ေန႔ေတြ၊ ဥပေဒပညာရွင္ေတြအေနနဲ႔ တရားမ်တမႈအတြက္ စုစည္းညီညြတ္ၾကဖို႔ လိုတယ္လို႔ ျမန္မာႏိုင္ငံရဲ့ လြတ္လပ္ေသာေရွ႕ေနမ်ားအသင္းက တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာတစ်နိုင်ငံလုံးက ရှေ့နေတွေပါဝင်မယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများညီလာခံတစ်ရပ်ကို ရန်ကုန်မြို့မှာ ကျင်းပဖို့ရှိနေပါတယ်။ ဒီသတင်းကို MCN သတင်းထောက် မောင်ထက်က ပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ရှေ့နေတွေရဲ့ အခွင့်အရေးတွေဆုံးရှုံးခဲ့ရသလို ပြည်သူတွေအတွက်လည်း ဥပဒေအကာအကွယ်ကို မပေးနိုင်အောင်တားဆီးခံခဲ့ရပေမယ့် လက်ရှိအချိန်မှာ ရှေ့နေတွေရဲ့ စုစည်းညီညွတ်မှုနဲ့ လွတ်လပ်မျှတမှုကို ပြသတဲ့အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှေ့နေများညီလာခံကို ကျင်းပဖို့ ရှေ့နေအသင်း အဖွဲ့တွေက ညှိုနှိုင်းဆွေးနွေးနေကြတာပါ။

Soundbite-ရှေ့နေဦးအောင်စိုးဦး (ဥက္ကဌ)

မြန်မာမီဒီယာရှေ့နေများကွန်ရက်

အဲ့ဒီ ညီလာခံကို လာမယ့် ဒီဇင်ဘာလ အတွင်း ရန်ကုန်မြို့မှာ လုပ်ဖို့ရည်ရွယ်ထားပြီး ဥပဒေစကားဝိုင်းတွေ ဆွေးနွေး သွားမှာ ဖြစ်သလို ရလာဒ်တွေကို နိုင်ငံတော် အစိုးရဆီကို အကြံပြုပေးပို့သွားဖို့ရှိနေတာပါ။

Soundbite–ရှေ့နေဦးအောင်စိုးဦး (ဥက္ကဌ)
မြန်မာမီဒီယာရှေ့နေများကွန်ရက်

မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးဟာ လက်ရှိမှာ အားနည်းနေသေးပြီး ရှေ့နေ့တွေ၊ ဥပဒေပညာရှင်တွေအနေနဲ့ တရားမျတမှုအတွက် စုစည်းညီညွတ်ကြဖို့ လိုတယ်လို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်သောရှေ့နေများအသင်းက တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)