0
1023
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>
အိမ်ရှင်ပရိသတ် ဖိအားကို မစိုးရိမ်ဘူးလို့ ဘရာဇီး MMA ကစားသမား မာချာဒို ပြော
ဘရာဇီး MMA ကစားသမား မာချာဒိုက ရန်ကုန်မြို့မှာ ယှဉ်ပြိုင်ထိုးသတ်ရမယ့် အောင်လအန်ဆန်နဲ့ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ အိမ်ရှင်ပရိသတ် ဖိအားကို မစိုးရိမ်ကြောင်း၊ တုန်လှုပ်မှု မရှိကြောင်း ပြောပါတယ်။
ဘရာဇီး MMA ကစားသမား မာချာဒိုက ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ရတဲ့အခါ မျှမျှတတ ကစားသွားနိုင်ဖို့ ယုံကြည်ထားပြီး ဘယ်လိုပြိုင်ဘက်မျိုးကိုမဆို ရင်ဆိုင်ယှဉ်ပြိုင်သွားမယ့် ကစားသမားကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးကို ပြသသွားမယ်လို့ပြောခဲ့ပါတယ်။
မာချာဒိုဟာ ဂျူဂျစ်ဆု တိုက်ခိုက်နည်းမှာ ခါးပတ်နက် ရရှိထားတဲ့ MMA ကစားသမား ဖြစ်ပြီး ၂၀၁၆ ခုနှစ်က ယှဉ်ပြိုင်တဲ့ နောက်ဆုံးပွဲမှာ ဂါလာနီကို ဒုတိယ အချီအတွင်း အနိုင်ရရှိထားကာ MMA ပြိုင်ပွဲသမိုင်း တစ်လျှောက် ၁၀ ပွဲကစား ၈ ပွဲနိုင်၊ ၂ ပွဲ ရှုံးနိမ့်ထားပါတယ်။ အသက် ၃၂ နှစ် အရွယ် အောင်လအန်ဆန်ကတော့ MMA ပြိုင်ပွဲတစ်လျှောက် ၃၁ ပွဲ ယှဉ်ပြိုင်ထားပြီး ၂၁ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားပါတယ်။
COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)