
0
939





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဆန္ဒပြခဲ့တဲ့ မြန်မာ အလုပ်သမားတွေနဲ့ ထိုင်းအလုပ်ရှင်တို့ သဘောတူညီမှုရ

မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀ဝ ကျော်ဟာ မဲဆောက်ဒေသရှိ ကျောက်မျက်ရတနာ အချောထည် စက်ရုံပိုင်ရှင်နဲ့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

မြန်မာ အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြင့်ရေးနဲ့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ရေး ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဆန္ဒပြခဲ့ပြီးနောက် စက်ရုံပိုင်ရှင်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။

အလုပ်သမားတွေနဲ့ ထိုင်းစက်ရုံ အလုပ်ရှင်ဟာ အလုပ်သမားတွေရဲ့ ID ကတ်ကို ပြန်ပေးမှာဖြစ်သလို တစ်ပတ်တစ်ရက် နားခွင့်ပေဖို့ အပါအဝင် အချက် ၆ ချက် သဘောတူညီမှု ရရှိခဲ့ပါတယ်။

အလုပ်သမားတွေဟာ အနည်းဆုံး လုပ်ခလစာ ဘတ် ၃၁၀ မရရှိခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က လမ်းတွေကို ပိတ်ဆို့ဆန္ဒပြခဲ့ပါတယ်။ သဘောတူညီချက်ထဲမှာ အလုပ်သမားတွေ အလုပ်ပြန်ဆင်းဖို့နဲ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ အလုပ်သမားတွေကို ပြစ်ဒဏ်မပေးဖို့၊ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အချိန်ပိုကို ၂ နာရီထက် ပိုမဆင်းခိုင်းဖို့ အချက်တွေလည်း သဘောတူညီခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)