ဗီယက္နမ္ Viettel Group က လာမယ့္လမွာ ဆက္သြယ္ေရး ဝန္ေဆာင္မႈ စမယ္

0
923

ဗီယက္နမ္ႏုိင္ငံရဲ႕ အႀကီးဆံုး မုိဘိုင္း ကြန္ရက္ ေအာ္ပေရတာ ျဖစ္တဲ့ ဗီယက္တဲလ္ အုပ္စု (Viettel Group) က လာမယ့္လအတြင္း ျမန္မာႏုိင္ငံမွာ ဝန္ေဆာင္မႈ လုပ္ငန္းေတြကို စတင္လုပ္ကိုင္သြားမွာ ျဖစ္ပါတယ္။

ကေမာၻဒီးယား၊ လာအို၊ မုိဇမ္ဘစ္ အပါအဝင္ ႏုိင္ငံအမ်ားအျပားမွာ ဆက္သြယ္ေရး လုပ္ငန္းေတြ လုပ္ကိုင္ခဲ့ၿပီးေနာက္ ျမန္မာႏုိင္ငံဟာ အဆုိပါ ကုမၸဏီအတြက္ ၁၀ ခု ေျမာက္ေစ်းကြက္လည္း ျဖစ္ပါတယ္။

ဗီယက္နမ္ ကာကြယ္ေရး ဝန္ႀကီးဌာန ပိုင္တဲ့ ဗီယက္တဲလ္က ျမန္မာႏုိင္ငံ ၿမိဳ႕ေတာ္ ေနျပည္ေတာ္မွာ ျမန္ႏႈန္းျမင့္ 4G LTE ကြန္ရက္ကို အေျခခံၿပီး ဗီဒီယို ေကာလ္ ဝန္ေဆာင္မႈကို ေအာင္ျမင္စြာ စမ္းသပ္ခဲ့ပါတယ္။

အဲဒီစမ္းသပ္မႈကို ဗီယက္တဲလ္နဲ႔ Star High အမ်ားပိုင္ ကုမၸဏီ ပူးေပါင္းထားတဲ့ MyTel က ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ MyTel ဟာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလက ျမန္မာႏုိင္ငံမွာ ၄ ခုေျမာက္ ဆက္သြယ္ေရး ေအာ္ပေရတာ လုိင္စင္ကို ရရွိခဲ့တာ ျဖစ္ပါတယ္။

MyTel ကုမၸဏီကုိ ဗီယက္နမ္ ဗီယက္တဲလ္က ရွယ္ယာ ၄၉ ရာခုိင္ႏႈန္း၊ ျမန္မာ Star High က ရွယ္ယာ ၂၈ ရာခုိင္ႏႈန္းနဲ႔ ျမန္မာအမ်ိဳးသား ဆက္သြယ္ေရး အမ်ားပိုင္ ကုမၸဏီက ရွယ္ယာ ၂၃ ရာခုိင္ႏႈန္း ပိုင္ဆုိင္ထားတာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဗီယက်နမ် Viettel Group က လာမယ့်လမှာ ဆက်သွယ်ရေး ဝန်ဆောင်မှု စမယ်

ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး မိုဘိုင်း ကွန်ရက် အော်ပရေတာ ဖြစ်တဲ့ ဗီယက်တဲလ် အုပ်စု (Viettel Group) က လာမယ့်လအတွင်း မြန်မာနိုင်ငံမှာ ဝန်ဆောင်မှု လုပ်ငန်းတွေကို စတင်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မိုဇမ်ဘစ် အပါအဝင် နိုင်ငံအများအပြားမှာ ဆက်သွယ်ရေး လုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ အဆိုပါ ကုမ္ပဏီအတွက် ၁၀ ခု မြောက်ဈေးကွက်လည်း ဖြစ်ပါတယ်။

ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီးဌာန ပိုင်တဲ့ ဗီယက်တဲလ်က မြန်မာနိုင်ငံ မြို့တော် နေပြည်တော်မှာ မြန်နှုန်းမြင့် 4G LTE ကွန်ရက်ကို အခြေခံပြီး ဗီဒီယို ကောလ် ဝန်ဆောင်မှုကို အောင်မြင်စွာ စမ်းသပ်ခဲ့ပါတယ်။

အဲဒီစမ်းသပ်မှုကို ဗီယက်တဲလ်နဲ့ Star High အများပိုင် ကုမ္ပဏီ ပူးပေါင်းထားတဲ့ MyTel က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ MyTel ဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံမှာ ၄ ခုမြောက် ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

MyTel ကုမ္ပဏီကို ဗီယက်နမ် ဗီယက်တဲလ်က ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာ Star High က ရှယ်ယာ ၂၈ ရာခိုင်နှုန်းနဲ့ မြန်မာအမျိုးသား ဆက်သွယ်ရေး အများပိုင် ကုမ္ပဏီက ရှယ်ယာ ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)