ေငြလိမ္လည္မႈနဲ႔ ျမန္မာ ၃ ဦးကို ေတာင္ကိုရီးယား ႏိုင္ငံသား အမႈဖြင့္

0
898

ေတာင္ကိုရီးယား ႏိုင္ငံသား တစ္ဦးက ျမန္မာႏိုင္ငံသား ၃ ဦးကို ေငြလိမ္လည္မႈနဲ႔ သဃၤန္းကြ်န္း ရဲစခန္းမွာ အမႈဖြင့္လိုက္ပါတယ္။

ေပၚစကို ေဒဝူး ေကာ္ပေရးရွင္း ျမန္မာ E & P ကုမၸဏီ၊ Production Operation Team မန္ေနဂ်ာ အင္ဂ်င္နီယာခ်ဳပ္ မစၥတာ ယြန္ ခ်ီဝန္ (၃၁ ႏွစ္) က June July Moe Media Group Co.Ltd မန္ေနးဂ်င္း ဒါ႐ိုက္တာ ခိုင္ခိုင္မိုးထက္ (၂၆ ႏွစ္) နဲ႔ ခင္မင္ရင္းႏွီးခဲ့ေၾကာင္း၊ ခိုင္ခိုင္မိုးထက္နဲ႔ တျခား အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီး တစ္ဦးတို႔က ၂၀၁၆ ခုႏွစ္၊ ဒီဇင္ဘာလမွာ ကိုးရီးယား ဝမ္ေငြ ၁၈၆၉၁၅၀၀၀ ေခ်းယူၿပီး တိမ္းေရွာင္ေနခဲ့ပါတယ္။

ခိုင္ခိုင္မိုးထက္တို႔က K-Pop Festival 2017 Myanmar ပြဲ ျပဳလုပ္ဖို႔ဆိုၿပီး ၂၀၁၇ ခုႏွစ္ ေမလ ၆ ရက္ေန႔မွာ ျပန္ေပးမယ္ေျပာကာ ေခ်းယူခဲ့တာျဖစ္ပါတယ္။ အခု ျပန္မဆပ္ဘဲ တိမ္းေရွာင္ေနတဲ့အတြက္ သဃၤန္းကြ်န္းၿမိဳ႕မ ရဲစခန္းမွာ လိမ္လည္မႈနဲ႔ အမႈဖြင့္လိုက္တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငွေလိမ်လည်မှုနဲ့ မြန်မာ ၃ ဦးကို တောင်ကိုရီးယား နိုင်ငံသား အမှုဖွင့်

တောင်ကိုရီးယား နိုင်ငံသား တစ်ဦးက မြန်မာနိုင်ငံသား ၃ ဦးကို ငွေလိမ်လည်မှုနဲ့ သင်္ဃန်းကျွန်း ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

ပေါ်စကို ဒေဝူး ကော်ပရေးရှင်း မြန်မာ E & P ကုမ္ပဏီ၊ Production Operation Team မန်နေဂျာ အင်ဂျင်နီယာချုပ် မစ္စတာ ယွန် ချီဝန် (၃၁ နှစ်) က June July Moe Media Group Co.Ltd မန်နေးဂျင်း ဒါရိုက်တာ ခိုင်ခိုင်မိုးထက် (၂၆ နှစ်) နဲ့ ခင်မင်ရင်းနှီးခဲ့ကြောင်း၊ ခိုင်ခိုင်မိုးထက်နဲ့ တခြား အမျိုးသားတစ်ဦး၊ အမျိုးသမီး တစ်ဦးတို့က ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှာ ကိုးရီးယား ဝမ်ငွေ ၁၈၆၉၁၅၀ဝ၀ ချေးယူပြီး တိမ်းရှောင်နေခဲ့ပါတယ်။

ခိုင်ခိုင်မိုးထက်တို့က K-Pop Festival 2017 Myanmar ပွဲ ပြုလုပ်ဖို့ဆိုပြီး ၂၀၁၇ ခုနှစ် မေလ ၆ ရက်နေ့မှာ ပြန်ပေးမယ်ပြောကာ ချေးယူခဲ့တာဖြစ်ပါတယ်။ အခု ပြန်မဆပ်ဘဲ တိမ်းရှောင်နေတဲ့အတွက် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှာ လိမ်လည်မှုနဲ့ အမှုဖွင့်လိုက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)