
0
973




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်သက်သက်ဝင်းကို မြန်မာ အမျိုးသမီး ယူ ၁၉ နည်းပြခန့်

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ယူ ၁၉ အမျိုးသမီး လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဒေါ် သက်သက်ဝင်းကို ခန့်အပ်တာဝန်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နဲ့ ဒေါ်သက်သက်ဝင်းတို့ လာမည့်ရက်ပိုင်း အတွင်း စာချုပ်ချုပ်ဆိုသွားမှာ ဖြစ်ပြီး နည်းပြအုပ်ချုပ်အဖွဲ့ဝင်များကိုပါ ဆက်လက်ရွေးချယ် တာဝန်ပေးသွားမှာဖြစ်ပါတယ်။

ဒေါ်သက်သက်ဝင်းဟာ အေအက်ဖ်စီ A လိုင်စင်နည်းပြတစ်ဦးဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲပေါင်းများစွာမှာ နည်းပြအဖြစ်နဲ့ရော ကစားသမားအဖြစ်နဲ့ပါ တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)