တကၠသိုလ္ စာေရးမ အသတ္ခံရမႈ တရားခံမွာ ဖခင္အရင္း ျဖစ္ေန

0
968

ပုသိမ္ တကၠသိုလ္က စာေရးမတစ္ဦးျဖစ္တဲ့ သမီးျဖစ္သူ အိမ္သာအတြင္းမွာ ဓားဒဏ္ရာေတြနဲ႔ ေသဆံုးေနတယ္လို႔ ဖခင္က တိုင္တန္းခဲ့တဲ့ အမႈမွာ တရားခံက ဖခင္ကိုယ္တိုင္ ျဖစ္ေနေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ဧရာဝတီတိုင္း၊ ပုသိမ္ၿမိဳ႕၊ ေရသိုးကုန္းရြာေန ဦးသန္းရွိန္ (၆၅ ႏွစ္) က ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၇ ရက္ေန႔မွာ လယ္ထဲကေန ေနအိမ္အျပန္အလာ သမီးျဖစ္သူ မနီလာခိုင္ (၃၇ ႏွစ္) အိမ္သာထဲမွာ ဓားဒဏ္ရာေတြနဲ႔ ေသဆံုးေနေၾကာင္း သေဘၤာက်င္း နယ္ေျမ ရဲစခန္းကို တိုင္တန္းခဲ့တာ ျဖစ္ပါတယ္။

အခင္းျဖစ္တဲ့ေနရာမွာ ေတြ႔ရတဲ့ ရဲဒင္း၊ ဓားတို႔နဲ႔ ေသြးစြန္းေနတဲ့ ဦးသန္းရွိန္ ဝတ္ဆင္ခဲ့တဲ့ ပုဆိုးတို႔ကို ဓာတုေဗဒဝန္႐ံုးကို ေပးပို႔စစ္ေဆး ထင္ျမင္ခ်က္ ေတာင္းခံခ်က္အရ ဦးသန္းရွိန္ကို စစ္ေဆးခဲ့ရာမွာ သမီးျဖစ္သူနဲ႔ အဲဒီေန႔က ကင္မလင္းကြ်န္းရပ္မွာ ဝယ္ယူမယ့္ ေျမကြက္ကိစၥ စကားမ်ားခဲ့ေၾကာင္း၊ မနီလာခိုင္က ႐ိုင္းစိုင္းၾကမ္းတမ္းစြာ ျပန္လည္ ေျပာဆိုတဲ့အတြက္ အနီးက င႐ုတ္က်ည္ေပြ႔နဲ႔ ဦးေခါင္းကို ႐ိုက္ခဲ့ပါတယ္။ အဲဒီေနာက္ ဓားကိုယူကာ အိမ္သာထဲ ဆြဲသြင္းၿပီး ဓားနဲ႔ထိုး၊ အျပင္ဘက္က အသင့္ေတြတဲ့ ရဲဒင္းနဲ႔ ဆက္ခုတ္ခဲ့ေၾကာင္း ေပၚေပါက္ခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တက္ကသိုလ် စာရေးမ အသတ်ခံရမှု တရားခံမှာ ဖခင်အရင်း ဖြစ်နေ

ပုသိမ် တက္ကသိုလ်က စာရေးမတစ်ဦးဖြစ်တဲ့ သမီးဖြစ်သူ အိမ်သာအတွင်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ ဖခင်က တိုင်တန်းခဲ့တဲ့ အမှုမှာ တရားခံက ဖခင်ကိုယ်တိုင် ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရေသိုးကုန်းရွာနေ ဦးသန်းရှိန် (၆၅ နှစ်) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့မှာ လယ်ထဲကနေ နေအိမ်အပြန်အလာ သမီးဖြစ်သူ မနီလာခိုင် (၃၇ နှစ်) အိမ်သာထဲမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း သင်္ဘောကျင်း နယ်မြေ ရဲစခန်းကို တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ တွေ့ရတဲ့ ရဲဒင်း၊ ဓားတို့နဲ့ သွေးစွန်းနေတဲ့ ဦးသန်းရှိန် ဝတ်ဆင်ခဲ့တဲ့ ပုဆိုးတို့ကို ဓာတုဗေဒဝန်ရုံးကို ပေးပို့စစ်ဆေး ထင်မြင်ချက် တောင်းခံချက်အရ ဦးသန်းရှိန်ကို စစ်ဆေးခဲ့ရာမှာ သမီးဖြစ်သူနဲ့ အဲဒီနေ့က ကင်မလင်းကျွန်းရပ်မှာ ဝယ်ယူမယ့် မြေကွက်ကိစ္စ စကားများခဲ့ကြောင်း၊ မနီလာခိုင်က ရိုင်းစိုင်းကြမ်းတမ်းစွာ ပြန်လည် ပြောဆိုတဲ့အတွက် အနီးက ငရုတ်ကျည်ပွေ့နဲ့ ဦးခေါင်းကို ရိုက်ခဲ့ပါတယ်။ အဲဒီနောက် ဓားကိုယူကာ အိမ်သာထဲ ဆွဲသွင်းပြီး ဓားနဲ့ထိုး၊ အပြင်ဘက်က အသင့်တွေတဲ့ ရဲဒင်းနဲ့ ဆက်ခုတ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)