
0
898




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၁၀ လတာအတွင်း ပြည်ဝင်ဗီဇာနဲ့ ဝင်ရောက်တဲ့ နိုင်ငံတကာ ခရီးသည် ၆ သိန်းကျော်ရှိ

၂၀၁၇ ခုနှစ် ဧပြီလကနေ အခုနှစ် ဇန်နဝါရီလအထိ ၁၀ လတာအတွင်း မြန်မာနိုင်ငံကို ပြည်ဝင်ဗီဇာနဲ့ ဝင်ရောက်တဲ့ နိုင်ငံတကာ ခရီးသည် ၆ သိန်း ၂ သောင်းကျော် ရှိပါတယ်။

လေဆိပ်တွေ၊ ရေဆိပ်တွေနဲ့ နယ်စပ် ဝင်ပေါက် ထွက်ပေါက်တွေကနေ ၂၀၁၇ ခုနှစ် ဧပြီလကနေ ၂၀၁၈ခုနှစ် ဇန်နဝါရီလအထိ ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်ရောက်သူ ၄ သိန်းကျော်၊ လုပ်ငန်းဗီဇာနဲ့ ဝင်ရောက်သူ ၂ သိန်းကျော်၊ စုစုပေါင်း ၆ သိန်း ၂ သောင်းကျော် ရှိပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်းမှာ ကမ္ဘာလှည့်ဗီဇာနဲ့ ဝင်ရောက်သူ ၆ သောင်းကျော်ရှိပြီး လုပ်ငန်းဗီဇာနဲ့ ဝင်ရောက်သူ ၂ သောင်းကျော်၊ စုစုပေါင်း ၈ သောင်ကျော် ဝင်ရောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)