
0
991




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းမှာ အလုပ်လုပ်နေတဲ့ ရေလုပ်သားတွေကို ကွန်ပျူတာနဲ့ မှတ်တမ်းတင်မယ်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေကို ကွန်ပျူတာ နည်းပညာနဲ့ အချက်အလက်တွေ မှတ်တမ်းတင်ပြီး ခြေရာခံလို့ ရအောင် ထိုင်းအစိုးရက ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတာကြောင့် တိုက်ဖျက်ခြင်း မရှိရင် ထိုင်း ရေထွက်ကုန်တွေကို သပိတ်မှောက်မယ်လို့ ဥရောပ သမဂ္ဂက ကြေညာခဲ့တဲ့အတွက် အခုလို ကွန်ပျူတာနဲ့ မှတ်တမ်းတင်မှာ ဖြစ်တယ်လို့ RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ထိုင်းငါးဖမ်းလုပ်ငန်းမှာ အဓိက လုပ်ကိုင်နေတဲ့ ရေလုပ်သားတွေက မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားတွေ ဖြစ်ပြီး ထိုင်းအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ် နှိပ်စက်မှုတွေကို ခံနေရပါတယ်။ ရေလုပ်သား ၇ သောင်းခန့်ကို ကွန်ပျူတာနဲ့ အချက်အလက် မှတ်တမ်းတင်ပြီး ဖြစ်တယ်လို့ ထိုင်းအလုပ်သမားရေးရာ ဝန်ကြီးက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)