ဒုကၡသည္ေတြကို ျပန္လက္ခံဖို႔ အသင့္ျဖစ္ေၾကာင္း ဒု ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ေျပာ

0
928

ဘဂၤလားေဒ့ရွ္ ႏိုင္ငံေရာက္ ျပည္ထဲေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက ေနရပ္ျပန္မယ့္ ဒုကၡသည္ေတြကို လက္ခံဖို႔ အသင့္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ သမၼတ အဗၺဒူ ဟာမစ္ကို မေန႔က ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔မွာ ေျပာပါတယ္။

မစၥတာ ကိုဖီအာနန္ ေကာ္မရွင္ရဲ႕ အႀကံေပးထားခ်က္ေတြကို ျမန္မာႏိုင္ငံက အေကာင္အထည္ ေဖာ္မွာ ျဖစ္ေၾကာင္းလည္း ဝန္ႀကီး ဒု ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြက ဒါကာၿမိဳ႕မွာ သမၼတ ဟာမစ္နဲ႔ ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္က ထြက္ေျပးလာတဲ့ ဒုကၡသည္ေတြဟာ သူတို႔ႏိုင္ငံအတြက္ အဓိက ျပႆနာႀကီး ျဖစ္ေနေၾကာင္း၊ ဒုကၡသည္ေတြ လံုၿခံဳစြာနဲ႔ သိကၡာရွိစြာ ေနရပ္ျပန္ႏိုင္ေအာင္ ျမန္မာအစိုးရက လုပ္ေဆာင္ေပးဖို႔ တိုက္တြန္းေၾကာင္း သမၼတ ဟာမစ္က ေျပာၾကားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ အသင့်ဖြစ်ကြောင်း ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြော

ဘင်္ဂလားဒေ့ရှ် နိုင်ငံရောက် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက နေရပ်ပြန်မယ့် ဒုက္ခသည်တွေကို လက်ခံဖို့ အသင့်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတ အဗ္ဗဒူ ဟာမစ်ကို မနေ့က ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြောပါတယ်။

မစ္စတာ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပေးထားချက်တွေကို မြန်မာနိုင်ငံက အကောင်အထည် ဖော်မှာ ဖြစ်ကြောင်းလည်း ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေက ဒါကာမြို့မှာ သမ္မတ ဟာမစ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေဟာ သူတို့နိုင်ငံအတွက် အဓိက ပြဿနာကြီး ဖြစ်နေကြောင်း၊ ဒုက္ခသည်တွေ လုံခြုံစွာနဲ့ သိက္ခာရှိစွာ နေရပ်ပြန်နိုင်အောင် မြန်မာအစိုးရက လုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း သမ္မတ ဟာမစ်က ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)