
0
898




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနဲ့ ဂျပန် ကုန်သည် စက်မှု လုပ်ငန်း အသင်းချုပ်တို့ နားလည်မှု စာချွန်လွှာ ရေးထိုး

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ မြန်မာနိုင်ငံရှိ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု အသင်း (JCCM) တို့ စီးပွားရေးလုပ်ငန်းတွေ ပိုမိုတိုးချဲ့ဖို့ ရည်ရွယ်ပြီး နားလည်မှု စာချွန်လွှာ MoU ရေးထိုးခဲ့ပါတယ်။

နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့၊ Park Royal ဟိုတယ်မှာ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ အဆင့် ၁၀ မြောက် အများဆုံး ရင်းနှီးမြှုပ်တဲ့ နိုင်ငံ ဖြစ်ပါတယ်။

နှစ်ဖက် အကျိုးကျေးဇူးအတွက် မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်အားထက်သန်ပါတယ်၊ မကြာခင်မှာ UMFCCI နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အသေးစိတ်ကို ဆွေးနွေးဖို့ ရှိပါတယ်လို့ JCCM ဥက္ကဋ္ဌ မစ္စတာ ကာဆုဂျိ နာကာဂါဝါက ပြောပါတယ်။ ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် မြန်မာနိုင်ငံအပေါ် ဂျပန်စီးပွားရေးလုပ်ငန်းတွေရဲ့ သဘောထားအမြင် ပြောင်းလဲမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)