ကချင်အမျိုးသားညီလာခံ ခေါင်းစဉ်ပြောင်းပြီး ပြန်လည် ကျင်းပခွင့် ရရှိ

0
375

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပပြုလုပ်မယ့် ကချင်အမျိုးသားညီလာခံအစား တွေ့ဆုံပွဲလို့ အမည်ပြောင်းပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က ခေါင်းစဉ်ပြောင်းခိုင်းပြီး ပြန်လည်ကျင်းပခွင့် ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ (၁၆) ရက်နေ့က မနက်ပိုင်းက မနောင်ကွင်းနဲ့ မဂျွယ်ခန်းမှာ ကချင်အမျိုးသားညီလာခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံအတွက် ကချင်အမျိုးသားများတွေ့ဆုံပွဲ ပြုလုပ်ရန်ရှိနေသော်လည်း ကချင်အစိုးရအဖွဲ့က အဲဒီပွဲကို မကျင်းပဖို့ ရဲအင်အား အများအပြားချပြီး ပွဲလုပ်မယ့်နေရာတွေကို ပိတ်ဆို့ တားဆီးခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီပွဲကို တက်ရောက်လာခဲ့တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ကချင်ပြည်နယ်က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာတွေ သဘာဝ သံယံဇာတအရေးတွေနဲ့ အထွေထွေတွေကို ထည့်သွင်း ဆွေးနွေးသွားကြမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)