တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်ရေး တင်းမာမှုတွေ ရှိလာချိန်မှာ KNU နဲ့ KIO အဖွဲ့ နှစ်ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်

0
364

ပြည်တွင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်ရေးတင်းမာမှုတွေ ရှိလာချိန်မှာ KNU နဲ့ KIO အဖွဲ့ နှစ်ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံရေးပြဿနာကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းမှုမလုပ်ဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ လုပ်ငန်းစဉ် ကာလအတွင်း ငြိမ်းချမ်းရေးကို ထိခိုက်စေနိုင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ မဖြစ်ပွားစေဖို့ နှစ်ဖက်တပ်တွေထိတွေ့မှုကို ရှောင်ရှားနိုင်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမယ့် အရေးယူဆောင်ရွက်တာတွေ မပြုလုပ်ဖို စတဲ့အချက်အလက်တွေပါဝင်တဲ့ ပူးတွဲကြေညာချက်တစ်စောင်ကို ဒီကနေ့ နေစွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိမှာ မြန်မာတပ်မတော်အနေနဲ့ မွန်ပြည်နယ်အတွင်း စစ်ရေးတင်းမာမှုတွေရှိနေတဲ့အချိန်မှာ အခုလိုကြေညာချက်တွေ ထွက်ပေါ်လာခဲ့တာပါ၊။
ဒါ့အပြင် ဒီကနေ့မနက်ပိုင်းက ကချင်အမျိုးသား ညီလာခံ ကျင်းပဖို့ စီစဉ်ထားတဲ့ မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမဆောင်ကို ရဲတွေက ၀ိုင်းဝန်းပိတ်ဆို့တားမြစ်ခဲ့တဲ့အတွက် ကချင်အမျိုးသားညီလာခံကျင်းပရေးအစီစဉ်တွေ ဖျက်သိမ်းလိုက်ရပါတယ်။

တပ်မတော်အနေနဲ့ တိုက်ပွဲတွေကြောင့် ရိုးရိုးသားသား တိုက်ပွဲရှောင်ပြည်သူတွေအတွက် တပ်မတော်က အစွမ်းကုန်ကူညီပေးနေပြီး လူသားချင်း စာနာထောက်ထားမှု နဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ Code of Conduct မှာလည်း ပြဋ္ဌာန်းထားပြီးဖြစ်တဲ့အတွက် တိကျစွာ လိုက်နာဆောင်ရွက်နေပြီး လူ့ အခွင့်အရေးချိုးဖောက်မှုတွေရှိပါကလည်း ဖြေရှင်းဖို့အဆင်သင့်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီးနဲ့ ဒီကနေ့တွေဆုံချိန်မှာ ပြောကြားလိုက်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)