မိုင်းယုမြို့မှာ တရားမ၀င် သယ်ဆောင်လာတဲ့ ပိတောက်သစ်ခွဲသား ၇ တန် သိမ်းဆည်းရမိ

0
311

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ၊ မိုင်းယုမြို့မှာ တရားမ၀င် သယ်ဆောင်လာတဲ့ ပိတောက် သစ်ခွဲသား (၇) တန်ပိုင်ရှင်မဲ့ သိမ်းဆည်း
ရမိခဲ့ပါတယ်။

အဲဒီသစ်တွေကို သတင်းအရ မိုင်းယုမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်စွာ၊ မိုင်းယုရဲစခန်းမှ ဒုရဲအုပ်ဟိန်းဝဏ္ဏမောင်၊ သစ်တောဦးစီးဌာနမှ တာဝန်ခံတွေပါဝင်တဲ့ ပူးပေါင်း အဖွဲ့က သက်သေတွေနဲ့အတူ သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တာပါ။

အဲဒီသစ်တွေဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းမှာ ဒွန်းနွဲ့ကျေးရွာနဲ့ ၀မ်နားဟွေ့ ကျေးရွာအကြား ရဲစခန်းရဲ့အရှေ့တောင်ဘက် (၈) မိုင်ခန့်အကွာ တောအတွင်းမှာ 7J/——- အပြာရောင် ခြောက်ဘီးယာဉ်နဲ့ 2C/——- ခြောက်ဘီးယာဉ်တွေ ပေါ်မှာ တင်ဆောင်စဉ် ဖမ်းဆိးရမိတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)