ပြည်မြို့မှာ အမျိုးသားတစ်ဦး ရေဆိုးမြောင်း အတွင်း ပြုတ်ကျသေဆုံး

0
326

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက်၊ တမာပင်လမ်း မိုးကုတ်ဝိပဿနာဘေးနားက ရေဆိုးမြောင်းထဲမှာ အမျိုးသားတစ်ဦး ဒီကနေ့ ဖေဖော်ဝါရီ (၁၆)ရက် နံနက်(၆)နာရီကျော်က ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသားမှာ ကိုမျိုးကိုဖြစ်ပြီး သူ့မှာ အတက်ရောဂါရှိနေပြီး အပေါ့သွား ရာကနေ အခုလို ရေဆိုးမြောင်းထဲမှာ ပြုတ်ကျသေဆုံးခဲ့တာလို့ ပြည်မြို့ခံတစ်ဦးကို MCN သတင်းဌာနကို ပြောပါတယ်။ အခုလို သေဆုံးမှုနဲ့ပက်သက်လို့ ပြည်မြို့နယ်ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)