အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် One Stop Women Support Center (OSWSC) ဖွင့်မယ်

0
496

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့ အမျိုးသမီးငယ်တွေအတွက် နားခိုရာနေရာတွေနဲ့ ဝန်ဆောင်မှုတွေ ပံ့ပိုးဆောင် ရွက်ပေးနိုင်ဖို့ One Stop Women Support Center (OSWSC) ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ အစိုးရအဖွဲ့က ပြောကြားလိုက်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖေဖော်ဝါရီ (၁၅) နေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ အဲ့ဒီလို ပြောကြား လိုက်တာပါ။

အဲဒီလို ၀န်ဆောင်မှုတွေကို အစိုးရအနေနဲ့ ပေးအပ်နိုင်ဖို့ အာဆီယံအမျိုးသမီး ရေးရာကော်မတီရဲ့ လုပ်ငန်းအစီအစဉ်တွေကိုလည်း ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)