စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ အသက်ခန္ဓာလို့ ဗိုလ်ချုပ်မှူးကြီးဆို

0
328

စစ်စည်းကမ်းဟာ တပ်မတော်ရဲ့ အသက်ခန္ဓာဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့က နေပြည်တော်ရှိ ဇေယျာသီရိ တပ်မတော် အားကစားကွင်းမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၇ ခုနှစ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အဖွင့်မိန့်ခွန်းမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ “အနိုင်မခံ အရှုံးမပေးသည့်စိတ်ဓာတ်”၊ “တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်”၊ “လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်” တွေနဲ့ တပ်မတော်ကို တည်ဆောက်ထားတယ်လို့လည်း ပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာ ဆိုရင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) ရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ် ဖို့ နောက်ကွယ်က ညွှန်ကြားခဲ့တဲ့ အောင်ဝင်းခိုင်ဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)