ရဲတပ်ကြပ် ညီညီထွေးကို ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဇော်သန်းကို ဖမ်းဆီး

0
297

ရဲတပ်ကြပ် ညီညီထွေးကို မြောက်ဥက္ကလာမှာ ကားနဲ့ တိုက်သတ်ခဲ့တဲ့ ဇော်သန်းကို ဖမ်းဆီးလိုက်ပြီလို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညပိုင်းက ဆိုင်ကယ်လှည့်ကင်းတာဝန်ဆောင်ရွက်နေတဲ့ ရဲတပ်ကြပ် ညီညီထွေးအပါအ၀င် တာဝန်ကျ ရဲတပ်ဖွဲ့ဝင် (၄) ဦးကို ဇော်သန်းက ကားနဲ့ တိုက်ခိုက်ပြီး ထွက်ပြေးခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ် ညီညီထွေးမှာ ယာချိုစောင်း ဖူးရောင်၊ နှာခေါင်းသွေးထွက် ဒဏ်ရာတွေရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကို တင်ပို့ကုသစဉ် နံနက် ၃ နာရီ မိနစ်၂၀ မှ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ပြစ်မှုကျူးလွန့်ပြီး ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဇော်သန်းကို ရဲတပ်ဖွဲ့ဝင်တွေက ဖေဖော်ဝါရီ (၁၄) ရက်နေ့ မနက်ပိုင်းက ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၂) ရပ်ကွက်၊ ပီမိုးနင်း ၁ လမ်းနေ အဒေါ် ဖြစ်သူရဲ့ နေအိမ်မှာ ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ကြပ် ညီညီထွေးအပါအ၀င် ဆိုင်ကယ်လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွင့်တွေဟာ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညပိုင်းက မြောက်ဥက္ကလာပမြို့နယ် (စ) ရပ်ကွက် သန္တာ (၆) လမ်းထိပ်ရှိ လမ်းဘေးအုတ်ခုံ ပေါ်မှာ အရက်သောက် စားနေတဲ့ ဇော်သန်းအပါအ၀င် လူငယ်လေးဦးကို အိမ်ပြန် ကြဖို့ ပြောဆိုခဲ့တာကို မကျေနပ်ပဲ ယာဉ်မောင်း ဇော်သန့်က မော်တော် ယာဉ်ဖြင့် တိုက်သတ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)