ကြံ့ခိုင်ရေးပါတီက အမျိုးဂုဏ် ဇာတိဂုဏ် ယုတ်လျှော့ကျဆင်းမယ့်အရေး ပြတ်သားစွာ ကာကွယ်စောင့်ရှောက်မယ်လို့ဆို

0
335

ကြံ့ခိုင်ရေးပါတီအနေနဲ့  ပိုင်နက်နယ်မြေ၊ လူမျိုး၊ ယဉ်ကျေးမူ့၊ ဓလေ့ထုံးတမ်းတွေနဲ့ အမျိုးဂုဏ် ဇာတိဂုဏ် ယုတ်လျှော့ကျဆင်းမယ့်အရေးတွေကို ပြတ်သားစွာ ကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

(Photo – USDP Party Facebook Page)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ်အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒါအပြင် အဲ့ဒီတွေ့ဆုံပွဲမှာပဲ ကြံ့ခိုင်ရေးပါတီ အစိုးရ တာဝန်ယူစဉ်က လုပ်သမျှ လုပ်ငန်းတိုင်းကို နည်းမျိုးစုံနဲ့ အပြစ်ပြောပြီး အကြပ်တည်းဖြစ် အောင်လုပ်ခဲ့ကြတယ်လို့လည်း ပြောကြားခဲ့တာပါ။ အဲ့ဒီလို လုပ်ဆောင်ခဲ့ကြတဲ့ နိုင်ငံရေးတိုက်ကွက် ဖော်နည်းတွေ မြန်မာ့နိုင်ငံရေး လောကမှာ မရှိသင့်တော့ဘူးလို့ ရူ့ မြင်တယ်လို့လည်း ဦးသန်းဌေးက ထည့်သွင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဌတာဝန်ကို မကြာသေးခင်ကမှ လွှဲပြောင်းရယူထားတဲ့ ဦးသန်းဌေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ဖို့ရှိနေတဲ့ မဲဆန္ဒနယ်အချိုကိုလည်း မဲဆွယ်စည်းရုံးရေး ခရီးစဉ်တွေ အဖြစ် သွားရောက်ခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)