တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားတွေကို တင်ဆောင်လာတဲ့ ရေသယ်ကား တစ်စီး ဖမ်းဆီးရမိ

0
48

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်၊ မင်နယ်မြေ အာရှလမ်း ၁၂၊ ဟွေးဟီဖွန်လုံခြုံရေး စစ်ဆေးဂိတ်က ရေဖြန့်ဝေတဲ့ ပစ်ကပ်ထရပ်ကား အသုံးပြုပြီး တရားမဝင်မြန်မာ အလုပ်သမားတွေ သယ်ဆောင်လာမယ်ဆိုတဲ့ သတင်းအရ ဘန်းဟွေးဟီဖွန် စစ်ဆေးရေး ဂိတ်အလွန်လမ်းဆုံမှာ မဲဆောက်ခရိုင်တပ်ရင်း (၄) က သွားရောက်စစ်ဆေးခဲ့ပါတယ်။

မစ်ဆူဘီရှိ အဖြူရောင် ပစ်ကပ်ထရပ်ကားနဲ့ ချွန်ဘူရီခရိုင် စတဟိနယ်မြေမှာ နေထိုင်သူ ထိုင်းအမျိုးသား ယာဉ်မောင်းကို တွေ့ရှိပြီး ကားကို စစ်ဆေးခဲ့ရာ ကားအနောက်ခန်း ရေတိုင်ကီအောက်မှာ မြန်မာအလုပ်သမား ခြောက်ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ယာဉ်မောင်းကို စစ်ဆေးမေးမြန်းမှုအရ မြန်မာနိုင်ငံဘက်မှာ နေထိုင်သူ အမည်မသိ မြန်မာတစ်ဦးနဲ့ အဆက်အသွယ် ရရှိကာ အဲဒီ မြန်မာအလုပ်သမား ခြောက်ဦးကို ဘန်ကောက်မြို့ဆီ ပို့ဆောင်ဖို့ တစ်ဦးကို ဘတ် ၈၀၀၀ နဲ့ ငှားရမ်းပို်ဆောင်စေခြင်းဖြစ်ကြောင်းနဲ့ မြန်မာတစ်ဦးက သူတို့ အလုပ်သမားတွေကို မော်တော်ဆိုင်ကယ်နဲ့ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတစ်နေရာကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုပါတယ်။

မှနမြာအလုပသြမား ခှောကြဦး၊ ထိုငြးအမွိုးသား ယာဉမြောငြးနဲ့ ယာဉတြို့ကို ဥပဒအတေိုငြး အရေးယူ ဆောငရြှကနြိုငဖြို့ မဲဆောကရြဲစခနြးရှိ စဈဆေးရေးအရာရှိထံ ပို့ဆောငခြဲ့ကှောငြး ရှှေ့ပှောငြးအလုပသြမား သတငြးတှမှော ဖောပြှထားပါတယြ။


ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်၊ မင်နယ်မြေ အာရှလမ်း ၁၂၊ ဟွေးဟီဖွန်လုံခြုံရေး စစ်ဆေးဂိတ်က ရေဖြန့်ဝေတဲ့ ပစ်ကပ်ထရပ်ကား အသုံးပြုပြီး တရားမဝင်မြန်မာ အလုပ်သမားတွေ သယ်ဆောင်လာမယ်ဆိုတဲ့  သတင်းအရ ဘန်းဟွေးဟီဖွန် စစ်ဆေးရေး ဂိတ်အလွန်လမ်းဆုံမှာ မဲဆောက်ခရိုင်တပ်ရင်း (၄) က သွားရောက်စစ်ဆေးခဲ့ပါတယ်။

မစ်ဆူဘီရှိ အဖြူရောင် ပစ်ကပ်ထရပ်ကားနဲ့ ချွန်ဘူရီခရိုင် စတဟိနယ်မြေမှာ နေထိုင်သူ ထိုင်းအမျိုးသား ယာဉ်မောင်းကို တွေ့ရှိပြီး ကားကို စစ်ဆေးခဲ့ရာ ကားအနောက်ခန်း ရေတိုင်ကီအောက်မှာ  မြန်မာအလုပ်သမား ခြောက်ဦးကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တာဝန်ရှိသူတွေက ယာဉ်မောင်းကို စစ်ဆေးမေးမြန်းမှုအရ မြန်မာနိုင်ငံဘက်မှာ နေထိုင်သူ အမည်မသိ မြန်မာတစ်ဦးနဲ့ အဆက်အသွယ် ရရှိကာ အဲဒီ မြန်မာအလုပ်သမား ခြောက်ဦးကို ဘန်ကောက်မြို့ဆီ ပို့ဆောင်ဖို့ တစ်ဦးကို ဘတ် ၈၀၀၀ နဲ့ ငှားရမ်းပိုဆောင်စေခြင်းဖြစ်ကြောင်းနဲ့  မြန်မာတစ်ဦးက သူတို့ အလုပ်သမားတွေကို မော်တော်ဆိုင်ကယ်နဲ့ စစ်ဆေးရေးဂိတ်အလွန် လမ်းဘေးတစ်နေရာကို ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုပါတယ်။

မြန်မာအလုပ်သမား ခြောက်ဦး၊ ထိုင်းအမျိုးသား ယာဉ်မောင်းနဲ့ ယာဉ်တို့ကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်နိုင်ဖို့  မဲဆောက်ရဲစခန်းရှိ စစ်ဆေးရေးအရာရှိထံ ပို့ဆောင်ခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား သတင်းတွေမှာ ဖော်ပြထားပါတယ်။