ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၃ ဦးကို လွှဲပြောင်း

0
52

ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနဲ့ အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေတွေအရ အရေးယူခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၃ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က ကော့သောင်း နယ်စပ်ဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီလို မြန်မာရွှေ့ပြောင်းလုပ်သား လွှဲပြောင်းပေးအပ်ရာမှာ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း အလုပ်သမား ၇၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက ကော့သောင်းနယ်စပ်ဂိတ်မှာ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ် တာဝန်ရှိသူတွေက ပြန်လည်လက်ခံခဲ့ပါတယ်။



ထိုင်းနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနဲ့ အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေတွေအရ အရေးယူခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၇၃ ဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က  ကော့သောင်း နယ်စပ်ဂိတ်မှာ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီလို  မြန်မာရွှေ့ပြောင်းလုပ်သား လွှဲပြောင်းပေးအပ်ရာမှာ အမျိုးသား ၆၈ ဦး၊ အမျိုးသမီး ၅ ဦး၊ စုစုပေါင်း အလုပ်သမား ၇၃ ဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတွေက  ကော့သောင်းနယ်စပ်ဂိတ်မှာ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်းမြို့နယ် တာဝန်ရှိသူတွေက ပြန်လည်လက်ခံခဲ့ပါတယ်။

အလုပ်သမားတွေကို  ကော့သောင်းခရိုင်နဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံကြပြီး နေရပ်ဒေသတွေကို ပြန်နိုင်ဖို့ ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)