ေသဆံုးသူအမ်ိဳးသားကို သိရွိပါက ဆက္သြယ္ကူညီေပးဖုိ႔ သတင္းထုတ္ျပန္ထား

0
2033

ဇန္န၀ါရီ ၁၅ ရက္ေန႔ နံနက္ ၁၁ နာရီ အခ်ိန္ က မရမ္းကုန္းၿမိဳ႕မရဲစခန္းမွတပ္ဖဲြ႕၀င္မ်ား က မရမ္းကုန္းၿမိဳ႕နယ္၊ (၅)ရပ္ကြက္၊ အုတ္ပံုဆိပ္လမ္း၊ န၀ေဒေဘာလံုးကြင္းအတြင္းရွိ ေဆာက္လက္စပဲြၾကည့္စင္ (၃)လႊာကေန အမည္ မသိအမ်ိဳးသားတစ္ဦး ျပဳတ္က်ေသဆံုးမႈနဲ႔ ပတ္သက္ၿပီး သိရွိပါက ဆက္သြယ္အကူညီေပးဖို႔ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔ က သတင္းထုတ္ျပန္ထားပါတယ္။

ေသဆံုးသူမွာ အသက္ (၄၅)ႏွစ္ခန္႔ရွိ အမည္မသိ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး အဲဒီေနရာအနီးရွိေနသူမ်ားရဲ႕ ေျပာၾကားခ်က္အရ ေဆာက္လက္စ ဒုတိယထပ္ေလွကားေဘးရွိ ျငမ္းစင္ေတြလႈပ္ခတ္သြားတဲ့အတြက္ သြားၾကည့္တဲ့အခါမွာ အဲဒီ အမ်ိဳးသားမွာ တိုက္ေအာက္ၾကမ္းျပင္မွာ ေဘးေစာင္းအေနအထားနဲ႔ လဲက်ေသဆံုး ေနခဲ့တာျဖစ္ပါတယ္။

ေသဆံုးသူကို စစ္ေဆးရာ ၀ဲခ်ိဳေစာင္းပြန္းပဲ့၊ ယာလက္ေမာင္းရင္းျပဳတ္၊ ၀မ္းဗိုက္ပြန္းပဲ့၊ ဦးေခါင္းကဲြ၊ ၀ဲ/ယာ ေျခေထာက္မ်ားပြန္ပဲ့ဒဏ္ရာမ်ားရရွိကာ ေသဆံုးေနသည္ကို ေတြ႕ရွိခဲ့တယ္လို႔ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႔ ကသတင္းထုတ္ျပန္ထားပါတယ္။
………………. ။ ။ ………………..

သေဆုံးသူအမျိုးသားကို သိရှိပါက ဆက်သွယ်ကူညီပေးဖို့ သတင်းထုတ်ပြန်ထား

ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် ၁၁ နာရီ အချိန် က မရမ်းကုန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ က မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်း၊ နဝဒေဘောလုံးကွင်းအတွင်းရှိ ဆောက်လက်စပွဲကြည့်စင် (၃)လွှာကနေ အမည် မသိအမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှုနဲ့ ပတ်သက်ပြီး သိရှိပါက ဆက်သွယ်အကူညီပေးဖို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူမှာ အသက် (၄၅)နှစ်ခန့်ရှိ အမည်မသိ အမျိုးသားတစ်ဦးဖြစ်ပြီး အဲဒီနေရာအနီးရှိနေသူများရဲ့ ပြောကြားချက်အရ ဆောက်လက်စ ဒုတိယထပ်လှေကားဘေးရှိ ငြမ်းစင်တွေလှုပ်ခတ်သွားတဲ့အတွက် သွားကြည့်တဲ့အခါမှာ အဲဒီ အမျိုးသားမှာ တိုက်အောက်ကြမ်းပြင်မှာ ဘေးစောင်းအနေအထားနဲ့ လဲကျသေဆုံး နေခဲ့တာဖြစ်ပါတယ်။

သေဆုံးသူကို စစ်ဆေးရာ ဝဲချိုစောင်းပွန်းပဲ့၊ ယာလက်မောင်းရင်းပြုတ်၊ ဝမ်းဗိုက်ပွန်းပဲ့၊ ဦးခေါင်းကွဲ၊ ဝဲ/ယာ ခြေထောက်များပွန်ပဲ့ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)