က်ပ္သိန္းေပါင္း ၂၄၀၀ ေက်ာ္တန္ဖုိးရွိ မူးယစ္ေဆးဝါးေတြ ဖမ္းမိ

0
1841

သိႏၷီၿမိဳ႕မွာ ေငြက်ပ္သိန္းေပါင္း ၂,၄၀၀ ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ားေတြကို ဇန္နဝါရီလ ၁၆ ရက္ေန႔က ဖမ္းဆီးရမိခဲ့ပါတယ္။

သိႏၷီၿမိဳ႕အထြက္ အိုရီယမ္တယ္ တိုးဂိတ္အနီး၌ ေက်ာ္ထြန္း(ခ)အိုက္ထြန္း ေမာင္းႏွင္ၿပီး စိုင္းလွေက်ာ္ လိုက္ပါလာတဲ့ မာ္ေတာ္ယာဥ္ကိုရွာေဖြရာ ေမာ္ေတာ္ယာဥ္ ၾကမ္းခင္းအံဝွက္အတြင္းမွ ဘိန္းျဖဴဆပ္ျပာခြက္ ၁,၁၃၉ ခြက္( ဘိန္းျဖဴ အေလးခ်ိန္ ၁၂ ဒသမ ၅၂၉ ကီလို )ႏွင့္ စိတ္ႂကြ႐ူးသြပ္ ေဆးျပား ၄,၀၀၀ ျပားတို႔ကိုသိမ္းဆည္းရမိခဲ့တာပါ။

ကြင္းဆက္ ေဖာ္ထုတ္ခ်က္အရ မူးယစ္ေဆးဝါး မ်ား ပိုင္ရွင္ျဖစ္တဲ့ ရန္အယ္ နဲ႔ ကူက်န္းလၽွန္တို႔ ေမာ္ေတာ္ယာဥ္ တစ္စီး နဲ႔ အတူလိုက္ပါလာေၾကာင္း သိရွိရတာေၾကာင့္ ပိတ္ဆို႔ ထားခ်ိန္ ကြမ္းလုံ-နမ့္စလပ္-သိႏၷီၿမိဳ႕အဝင္ အိုရီယမ္တယ္ တိုးဂိတ္အနီး တြင္ မူးယစ္ေဆးဝါးမ်ားပိုင္ရွင္ျဖစ္တဲ့ ရန္အယ္ နဲ႔ ကူက်န္းလၽွန္တို႔ကို ေမာ္ေတာ္ယာဥ္ နဲ႔အတူ ထပ္မံရွာေဖြဖမ္းဆီးရမိခဲ့ပါတယ္။
………………… ။ ။ …………………

ကျပ် သိန်းပေါင်း ၂၄၀ဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေဖမ်းမီ
သိန္နီမြို့မှာ ငွေကျပ်သိန်းပေါင်း ၂,၄၀ဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများတွေကို ဇန်နဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
သိန္နီမြို့အထွက် အိုရီယမ်တယ် တိုးဂိတ်အနီး၌ ကျော်ထွန်း(ခ)အိုက်ထွန်း မောင်းနှင်ပြီး စိုင်းလှကျော် လိုက်ပါလာတဲ့ မာ်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ် ကြမ်းခင်းအံဝှက်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၁,၁၃၉ ခွက်( ဘိန်းဖြူ အလေးချိန် ၁၂ ဒသမ ၅၂၉ ကီလို )နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄,ဝ၀ဝ ပြားတို့ကိုသိမ်းဆည်းရမိခဲ့တာပါ။
ကွင်းဆက် ဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါး များ ပိုင်ရှင်ဖြစ်တဲ့ ရန်အယ် နဲ့ ကူကျန်းလျှန်တို့ မော်တော်ယာဉ် တစ်စီး နဲ့ အတူလိုက်ပါလာကြောင်း သိရှိရတာကြောင့် ပိတ်ဆို့ ထားချိန် ကွမ်းလုံ-နမ့်စလပ်-သိန္နီမြို့အဝင် အိုရီယမ်တယ် တိုးဂိတ်အနီး တွင် မူးယစ်ဆေးဝါးများပိုင်ရှင်ဖြစ်တဲ့ ရန်အယ် နဲ့ ကူကျန်းလျှန်တို့ကို မော်တော်ယာဉ် နဲ့အတူ ထပ်မံရှာဖွေဖမ်းဆီးရမိခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)