
0
2083




………………… ။ ။ ………………….

အိန္ဒိယ ကုမ္ပဏီ က မြန်မာနိုင်ငံကို ကုန်လမ်းကနေ ဖယောင်းမက်ထရစ် တန်ချိန် ၂၀ တင်ပို့

အိန္ဒိယနိုင်ငံအခြေစိုက် Numaligarh Refinery ကုမ္ပဏီဟာ မြန်မာနိုင်ငံကို ဖယောင်း မက်ဒရစ်တန်ချိန် ၂၀ တင်ပို့မှုတွေလုပ်ခဲ့တယ်လို့ အိန္ဒိယ သတင်းတွေမှာဖော်ပြထားပါတယ်။

အခုလိုမျိုး ဖယောင်းတင်ပို့တာဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှု တစ်ရပ်လည်းဖြစ်ပါတယ်။ ဖယောင်းတွေကို အဆိုပါ ကုမ္ပဏီအလံလွင်ထူထားတဲ့ ကုန်ကားနှစ်စင်း အပြည့် တင်ပို့ခဲ့တာဖြစ်တယ်လို့ ကုမ္ပဏီဒါရိုက်တာ S.K.Barua ကပြောပါတယ်။
ဖယောင်းတွေကို ကုန်လမ်းကနေတဆင့် မြန်မာနိုင်ငံ ဆီကိုတင်ပို့ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီ ဟာ မြန်မာနိုင်ငံဆီ ဖယောင်းအပြင် ဒီဇယ်တွေလည်းတင်ပို့မှုတွေလုပ်နေပါတယ်။ ကုမ္ပဏီ ဒါရိုက်တာ က အ ခုလိုမျိုးတင်ပို့နိုင်တာဟာ မြန်မာနိုင်ငံအပြင် အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ နယ်စပ်ကုန်သွယ်မှုပိုင်း ပိုမိုကောင်းမွန်စေမယ့် အဆင့်တစ်ဆင့်ဖြစ်တယ်လို့ ပြောပါတယ်။

ဖယောင်းတွေကို မိုရေး-တမူး ကုန်းလမ်းကနေ တဆင့် တင်ပို့ခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံဆီ ကုန်ပစ္စည်းတွေ တင်ပို့ရာမှာပင်လယ် ရေကြောင်းကနေ တင်ပို့ခဲ့တာဖြစ်ပြီး အခုမှ ကုန်လမ်း ကနေ တဆင့် ဖယောင်းတွေကိုတင်ပို့ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံ ဟာ မြန်မာနိုင်ငံဆီကို လက်ရှိအချိန် အထိ ဖယောင်းမက်ထရစ်တန်ချိန် ၁၇၀ဝ တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာတဝှမ်းရှိအခြားနိုင်ငံ ၂၀ ဆီကို ဖယောင်းမက်ထရစ်တန်ချိန် ၆၀ဝ၀ ကျော်တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)