
0
2095




………………… ။ ။ …………………

လာအိုက မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချပေးမယ်

လာအိုနိုင်ငံ ဟာ မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အားရောင်းချသွားဖွယ်ရှိနေတယ်လို့ ဗီယက်နမ်တိုင်း သတင်းမှာ ဖော်ပြထားပါတယ်။
လာအို နဲ့ မြန်မာတို့ ဇန်နဝါရီ ၁၅ ရက်နေ့က လျှပ်စစ်ဓာတ်အားရောင်းချရေးနဲ့ ပတ်သက်လို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ လာအို စွမ်းအင်ဝန်ကြီးဌာနမှ အကြီးအကဲ Daovong Phonekeo, ကပြောပါတယ်။

မြန်မာနိုင်ငံဟာ လာအိုနိုင်ငံဆီကနေ လျှပ်စစ်ဓါတ်အား ၁၀ဝ နဲ့ ၂၀ဝ မဂ္ဂါဝပ်ကြားဝယ်လိုတာဖြစ်တယ်လို့ လာအို စွမ်းအင်ဌာနအကြီးအကဲ ကပြောပါတယ်။ လက်ရှိအချိန်မှာလျှပ်စစ်ဓါတ်အားရောင်းချမှု ရှိမရှိဆိုတာကို ရှင်းလင်းစွာမသိရသေးသလို ရောင်းချမယ့်ဈေးနှုန်းလည်းမရှင်းလင်းသေးပါဘူး။

လာအိုဟာ မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းကိုဖြတ်ပြီး မြန်မာနိုင်ငံ ဆီလျှပ်စစ်ဓါတ်အားထောက်ပံ့ ပေးမှာ ဖြစ်ပါတယ်။ စီစဉ်ထားသလိုအရာရာတိုင်းဟာ တိုးတက်မှုရှိလာမယ်ဆိုရင် အခုနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ်အစပိုင်းမှာ မြန်မာနိုင်ငံဆီကိုလျှပ်စစ်ဓါတ်အားရောင်းချဖို့ စတင်နိုင်ဖွယ်ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)