စစ်တွေမြို့မှာ အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေကို NV ကတ် ပြုလုပ်ပေး

0
2055

ဇန်န၀ါရီလ ၁၅ ရက်နေ့က စစ်တွေမြို့ စုပေါင်းရုံးမှာ အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေကို National Verification Card (NVC) ကတ် ပြုလုပ်ဆောင်ရွက်ပေးတဲ့အပြင် အဲဒီကတ် ကိုင်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီက အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေအနေနဲ့ NV ကတ် ပြုလုပ်ထားပါက တရားဝင် ပင်လယ်ပြင်ရေလုပ်ငန်း လုပ်ဆောင်ခွင့်ရရှိမယ်လို့ အဲဒီကော်မတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

……………… ။ ။ ……………….

စစ်တွေမြို့မှာ အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေကို (NVC)ကတ် ပြုလုပ်ပေး

ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်တွေမြို့ စုပေါင်းရုံးမှာ အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေကို NV ကတ် ပြုလုပ်ဆောင်ရွက်ပေးတဲ့အပြင် အဲဒီကတ် ကိုင်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်အောင် ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီက အစ္စလာမ်ဘာသာဝင် ရေလုပ်သားတွေအနေနဲ့ National Verification Card (NVC) ကတ် ပြုလုပ်ထားပါက တရားဝင် ပင်လယ်ပြင်ရေလုပ်ငန်း လုပ်ဆောင်ခွင့်ရရှိမယ်လို့ အဲဒီကော်မတီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးရေး လုပ်ငန်းစဉ်မှာပါဝင်တဲ့ NV ကတ် ပြုလုပ်ကိုင်ဆောင် ထားပြီး ပင်လယ်ပြင်ရေလုပ်ငန်းတွေလုပ်ဆောင်ပါက စိစစ်မှုခံယူရာမှာ ခိုင်လုံတဲ့ အထောက်အထားလည်း ပြသနိုင်မှာဖြစ်သလို လတ်တလော ပဋိပက္ခတွေကြောင့် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အခက် အခဲတွေကိုလည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)