
0
2076



မြန်မာ့အာမခံ ဥပဒေများ၊ မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့များရဲ့ ဆောင်ရွက်သင့်တဲ့ မှားယွင်းနေမှုများအား ထောက်ပြနိုင်တဲ့ အခွင့်အရေးများ ရှိလာပြီဖြစ်ပြီး အာမခံလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင် နိုင်မယ်ဆိုရင် များစွာအကျိုးဖြစ်ထွန်းနိုင်သလို လူထုအတွက်လည်း အကာအကွယ်များစွာ ရှိနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောခဲ့ပါတယ်။
…………………. ။ ။ ………………….

မြန်မာ့အာမခံလုပ်ငန်းအပြင် အာမခံပညာရပ်ကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက် စေလို

မြန်မာ့အာမခံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ အာမခံပညာရပ် နဲ့ ပတ်သက်တဲ့ ဘာသာရပ်များကိုလည်း လူငယ်တွေကို မွေးထုတ်ပေးနိုင်တဲ့ ပညာရှင်တွေ ပေါ်ထွန်းလာစေလိုတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဟာ ဇန်နဝါရီ ၁၅ ပန်းဘဲတန်းမြို့နယ်၊ ကမ်းနားလမ်းရှိ Stand Square (၅ လွှာ)တွင် ပြုလုပ်တဲ့ မြန်မာနိုင်ငံအာမခံအသင်း ရုံးခန်းဖွင့်ပွဲ အခမ်းအနားမှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

မြန်မာ့အာမခံ ဥပဒေများ၊ မြန်မာ့အာမခံ ကြီးကြပ်ရေးအဖွဲ့များရဲ့ ဆောင်ရွက်သင့်တဲ့ မှားယွင်းနေမှုများအား ထောက်ပြနိုင်တဲ့ အခွင့်အရေးများ ရှိလာပြီဖြစ်ပြီး အာမခံလုပ်ငန်းကို အောင်မြင်အောင် စွမ်းဆောင် နိုင်မယ်ဆိုရင် များစွာအကျိူးဖြစ်ထွန်းနိုင်သလို လူထုအတွက်လည်း အကာအကွယ်များစွာ ရှိနိုင်တဲ့ အခြေအနေမျိုးဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)