ျမန္မာ နဲ႔ လာအုိတုိ႔ နားလည္မႈစာခြ်န္ ၃ ခု လက္မွတ္ေရးထုိး

0
1990

လာအုိ နဲ႔ ျမန္မာႏိုင္ငံတုိ႔ ဟာ လွ်ပ္စစ္စြမ္းအားက႑ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈ စာခၽြန္လႊာ ၊ သိပၸံႏွင့္နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈ စာခၽြန္လႊာ၊ အဂတိလိုက္စားမႈ ကာကြယ္ တားဆီးေရးႏွင့္္ တိုက္ဖ်က္္ေရးပူးေပါင္းေဆာင္ရြက္မႈဆိုင္ရာ နားလည္မႈစာခၽြန္လႊာေတြ လက္မွတ္ေရးထုိး ခဲ့ပါတယ္။

ဇန္န၀ါရီ ၁၅ ရက္ေန႔က သမၼတအိမ္ေတာ္မွာျပဳလုပ္တဲ့ နားလည္မႈစာခၽြန္ လက္မွတ္ေရးထုိးမႈကို ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ လာအိုျပည္သူ႔ဒီမိုကရက္တစ္သမၼတႏုိင္ငံ ၀န္ႀကီးခ်ဳပ္ မစၥတာ ေထာင္လြန္းဆီဆုလစ္တို႔ေရွ႕မွာလက္မွတ္ေရးထုိးခဲ့တာျဖစ္ပါတယ္။

ျမန္မာ နဲ႔ လာအိုႏုိင္ငံတုိ႔ဟာ ႏွစ္ႏုိင္ငံအၾကား သိပၸံနဲ႔နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး အျပင္ သိပၸံနဲ႔နည္းပညာဆိုင္ရာ စီမံကိန္းေရးဆြဲမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ သိပၸံႏွင့္နည္းပညာအတြက္ လူ႔စြမ္းအား အရင္းအျမစ္ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ျပန္လည္ျပည့္ၿဖိဳးၿမဲ နဲ႔ ဇီဝျဒပ္ထုစြမ္းအင္ ႏွင့္ ဇီဝေလာင္စာ၊ ဆန္းသစ္ေသာ ျဒပ္ပစၥည္းသိပၸံ ႏွင့္ နည္းပညာ တို႔ပူးေပါင္းေဆာင္ရြက္ဖို႔ သေဘာတူညီခဲ့ပါတယ္။

ဒါ့အျပင္ စိုက္ပ်ိဳးေရးသိပၸံႏွင့္နည္းပညာ၊ မ်ိဳး႐ိုးဗီဇဆိုင္ရာအရင္းအျမစ္မ်ား၊ ေဂဟေဗဒႏွင့္ ဇီဝနည္းပညာ၊ စံခ်ိန္စံၫႊန္းႏွင့္တိက်တိုင္းတာနည္းပညာ၊ သတင္း အခ်က္အလက္နည္းပညာ၊ အျပန္အလွန္ သေဘာတူညီတဲ့ အျခားပူးေပါင္း ေဆာင္႐ြက္မႈ နယ္ပယ္မ်ား နဲ႔ အလွအပေရးရာ သိပၸံႏွင့္ နည္းပညာ က႑မ်ား၌ ပူးေပါင္းေဆာင္ရြက္္ဖို႔ သေဘာတူညီခဲ့ၾကတာျဖစ္ပါတယ္။
………………. ။ ။ …………………

မြန်မာ နဲ့ လာအိုတို့ နားလည်မှုစာချွန် ၃ ခု လက်မှတ်ရေးထိုး

လာအို နဲ့ မြန်မာနိုင်ငံတို့ ဟာ လျှပ်စစ်စွမ်းအားကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနားလည်မှု စာချွန်လွှာ၊ အဂတိလိုက်စားမှု ကာကွယ် တားဆီးရေးနှင့်် တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့က သမ္မတအိမ်တော်မှာပြုလုပ်တဲ့ နားလည်မှုစာချွန် လက်မှတ်ရေးထိုးမှုကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ထောင်လွန်းဆီဆုလစ်တို့ရှေ့မှာလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

မြန်မာ နဲ့ လာအိုနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား သိပ္ပံနဲ့နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အပြင် သိပ္ပံနဲ့နည်းပညာဆိုင်ရာ စီမံကိန်းရေးဆွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာအတွက် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ပြန်လည်ပြည့်ဖြိုးမြဲ နဲ့ ဇီဝဒြပ်ထုစွမ်းအင် နှင့် ဇီဝလောင်စာ၊ ဆန်းသစ်သော ဒြပ်ပစ္စည်းသိပ္ပံ နှင့် နည်းပညာ တို့ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ပါတယ်။

ဒါ့အပြင် စိုက်ပျိုးရေးသိပ္ပံနှင့်နည်းပညာ၊ မျိုးရိုးဗီဇဆိုင်ရာအရင်းအမြစ်များ၊ ဂေဟဗေဒနှင့် ဇီဝနည်းပညာ၊ စံချိန်စံညွှန်းနှင့်တိကျတိုင်းတာနည်းပညာ၊ သတင်း အချက်အလက်နည်းပညာ၊ အပြန်အလှန် သဘောတူညီတဲ့ အခြားပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များ နဲ့ အလှအပရေးရာ သိပ္ပံနှင့် နည်းပညာ ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)