႐ိုက္တာသတင္းေထာက္အျဖစ္ တာဝန္ယူဖူးသူ ဦးေအာင္လွထြန္းကို ျပန္ၾကားေရးဒုဝန္ႀကီးခန္႔

0
2069

ျပန္ၾကားေရး ဝန္ႀကီး ဌာနရဲ့ ဒုဝန္ႀကီး အျဖစ္ ဦးေအာင္လွထြန္းကိုခန္႔အပ္လုိက္ပါတယ္။ ဦးေအာင္လွထြန္းဟာ ျပန္ၾကားေရးဝန္ႀကီးဌာနမွာ တာဝန္ ထမ္းေဆာင္ခဲ့ဖူးၿပီး၊ ႐ိုက္တာသတင္းဌာနရဲ႕ ျမန္မာနိုင္ငံ ဌာေန သတင္းေထာက္ အျဖစ္ ႏွစ္ကာလ အတန္ၾကာ လုပ္ေဆာင္ခဲ့သူ ျဖစ္ပါတယ္။

ဦးေအာင္လွထြန္းဟာ သတင္းမီဒီယာေကာင္စီ ဒုဥကၠဌ တာဝန္ကို လည္းထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္။ ရိုက္တာ သတင္းေထာက္ႏွစ္ေယာက္ကို ျမန္မာ အစိုးရက အစိုးရလွ်ိဳ႕ဝွက္ခ်က္ ဥပေဒနဲ႔ ဖမ္းဆီး တရားစြဲဆို ထားတဲ့ အခ်ိန္မွာ ဝါရင့္ ရိုက္တာ သတင္းေထာက္ တစ္ဦး အခုလို အစိုးရ ျပန္ၾကားေရး ဒုဝန္ႀကီး တာဝန္ ခန္႔အပ္ ခံလာရတာ ျဖစ္ပါတယ္။
………………… ။ ။ …………………

ရိုက်တာသတင်းထောက်အဖြစ် တာဝန်ယူဖူးသူ ဦးအောင်လှထွန်းကို ပြန်ကြားရေးဒုဝန်ကြီးခန့်

ပြန်ကြားရေး ဝန်ကြီး ဌာနရဲ့ ဒုဝန်ကြီး အဖြစ် ဦးအောင်လှထွန်းကိုခန့်အပ်လိုက်ပါတယ်။ ဦးအောင်လှထွန်းဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ရိုက်တာသတင်းဌာနရဲ့ မြန်မာနိုင်ငံ ဌာနေ သတင်းထောက် အဖြစ် နှစ်ကာလ အတန်ကြာ လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဦးအောင်လှထွန်းဟာ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ တာဝန်ကို လည်းထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို မြန်မာ အစိုးရက အစိုးရလျှို့ဝှက်ချက် ဥပဒေနဲ့ ဖမ်းဆီး တရားစွဲဆို ထားတဲ့ အချိန်မှာ ဝါရင့် ရိုက်တာ သတင်းထောက် တစ်ဦး အခုလို အစိုးရ ပြန်ကြားရေး ဒုဝန်ကြီး တာဝန် ခန့်အပ် ခံလာရတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)