ကား သုံး ဆင့် စီးရတဲ့ အခက်အခဲရှိနေသူတွေ အကူညီ တောင်းခံနိုင်တယ်လို့ ၀န်ကြီးချုပ်ဆို

0
387

ကား သုံး ဆင့် စီးရတဲ့ အခက်အခဲရှိနေသူတွေ ရန်ကုန်တိုင်းဒေသကြီးအစိုးရဆီ အကူညီ တောင်းခံနိုင်တယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီ ၁၆ ရက်က အများပိုင် ဘတ်စ်ကားတွေ ပြေးဆွဲမှု ယာဉ်လိုင်းဖွင့်ပွဲ အခမ်းအနားမှာ သတင်းထောက်တွေကို အဲ့ဒီလိုပြောကြား လိုက်တာပါ။

နေ့စဉ်ဘတ်စ်ကားယာဉ်လိုင်းတွေနဲ့ သွားလာနေသူတွေအနေနဲ့  အခက်အခဲရှိနေတယ်ဆိုရင် တင်ပြပြီး ကိုယ်သွားမယ့် ခရီးမှာ ဘယ်နေရာကို ရောက်ဖို့ ဘယ်လို သုံးဆင့် စီးနေရတယ် ဆိုတာကို ဝန်ကြီးချုပ်ဆီ တင်ပြနိုင်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒီကနေ့ စတင်ပြေးဆွဲ နေပြီဖြစ်တဲ့ YBS ယာဉ်လိုင်းတော်တော်များများမှာ ခရီးသည်တွေအနေနဲ့ ယာဉ်တွေနည်းပါးတာ၊ ခရီးစဉ်အဆင့်ဆင့်စီးရတာဖြစ်တဲ့အတွက် အရင်ကထက် ကားခတွေ ပိုမို ကုန်ကျမှုတွေ ရှိနေပြီး အဆင်မပြေမှု အချို့ရှိနေတယ်လို့ ဆိုကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)