YBS ယာဉ်လိုင်းစနစ် ပြောင်းလဲပြေးဆွဲမှုမှာ ကိုမင်းကိုနိုင် စေတနာ့ ဝန်ထမ်းအဖြစ် လုပ်အားပေး

0
359

ရန်ကုန်မြို့တွင်း YBS မော်တော်ယာဉ်လိုင်း စနစ် ပြောင်းလဲပြေးဆွဲမှု စတင်တဲ့ ဒီကနေ့ ဇန်နန၀ါရီလ ၁၆ ရက်နေ့မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်အပါအ၀င် ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

အခုလို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ မော်တော်ယာဉ်လိုင်း စနစ်တွေ အသစ်ပြောင်းလဲ ပြေးဆွဲမှုအပေါ် စနစ်ကောင်ဆီ စချီတဲ့ နေရာမှာ အရင်ဆုံးတိုက်ပွဲအောင်မြင်ဖို့လိုတယ်လို့ ကိုမင်းကိုနိုင်ကပြောကြားထားပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ မော်တော်ယာဉ်လိုင်း စနစ်တွေ အသစ်ပြောင်းလဲမှုတွေကြောင့် ပြည်သူတွေ အခက်အခဲ မရှိစေဖို့ ဘတ်စ်ကားမှတ်တိုင်တွေမှာ လူမှုရေး အဖွဲ့အစည်းတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအပြင် စေတနာ့ဝန်တွေက စေတနာ့ဝန်တွေအဖြစ် လုပ်အားပေး ကူညီနေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)