NLD အစိုးရ တိုင်းရင်းသားတွေအရေး မမေ့ဟုဆို

0
277

NLD အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို မမေ့ မလျော့ စဉ်စား ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

ချင်းပြည်နယ်၊ လဟယ်မြို့ရှိ ရွှေပြည်သာ အားကစားကွင်းမှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒါအပြင် တိုင်းရင်းသားတွေအနေနဲ့ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ မျှော်မှန်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖြစ် တည်ဆောက်နိုင်ဖို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ကိုလည်း တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)