ကျောက်တံတားမြို့နယ်မှာ ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်း

0
277

ကျောက်တံတားမြို့နယ်၊ ၉ ရပ်ကွက်၊ လမ်း ၄၀ အလယ်ဘလောက်က နေအိမ်တိုက်ခန်းတစ်ခုမှာ ၀ါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

15492324_1016508455145088_3860679300782192521_n

ဒီဇင်ဘာလ ၁၅ ရက်နေ့ ဒီကနေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမှတ် ၁၇၂၊ ၈ ထပ်တိုက် အပေါ်ဆုံးထပ်မှာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ ဘုရားစင်မှာ လျှပ်စစ်မီးပူဇော်ထားရှိရာမှ အပူလွန်ကဲပြီး ၀ါယာရှော့ခ်ဖြစ်ကာ မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ဘုရားစင်အောက်ရှိ အ၀တ်အစားတွေနဲ့ အသုံးအဆောင်တွေကို ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

ဒီမီးလောင်မှုကြောင့် အိမ်ရှင် ဦးအောင်ကျော်ဝင်းကို ကျောက်တံတားမြို့မရဲစခန်း(ပ)၂၈၃/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၂၈၅ နဲ့ အမှုဖွင့်အရေးယူ
ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)