ICJ မှာ အမှုတင်သွင်းမှု နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ လုပ်မယ်

0
183

ဂမ်ဘီယာနိုင်ငံက နိုင်ငံ ၅၀ ကျော်ကိုယ်စား ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဖို့ အမှုတင်သွင်းလိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ပဲ လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။



ဂမ်ဘီယာနိုင်ငံက နိုင်ငံ ၅၀ ကျော်ကိုယ်စား ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားရေးအဖွဲ့ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဖို့ အမှုတင်သွင်းလိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ပဲ လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အခုလို ပြောကြားခဲ့တာပါ။

ဘင်္ဂါလီ မွတ်စလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို အရေးယူပေးဖို့ OIC နိုင်ငံတွေကိုယ်စား ဂမ်ဘီယာနိုင်ငံက ICJ တရားရုံးကို နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အမှုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရားရုံးအမိန့်ကို မဖြစ်မနေ လိုက်နာဖို့ဆိုတဲ့ ယန္တရားမျိုး ICJ လက်ထဲမှာ မရှိဘူးလို့ ဂျော့ဂျ် ဝါရှင်တန် တက္ကသိုလ်က နိုင်ငံတကာရေးရာ ပါမောက္ခ ခရစ္စတီးနား ဖင့်ခ်က မှတ်ချက်ပေးထားဖူးပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)