၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းကို အချိန်မီထုတ်ပြန်ပေးဖို့ ပြည်ခိုင်ဖြိုးပါတီကတောင်းဆို

0
35

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းကိုအချိန်မှီထုတ်ပြန်ပေးဖို့ ပြည်ထောင်စု ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံတင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် သော်တာတိုး တင်ဆက်ပေးထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်ခံမှုတွေ ပြုလုပ်ပြီး ဖြစ်တဲ့ အတွက် မဲစာရင်းတွေ ကိုအချိန်မှီထုတ်ပြန်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြတောင်းဆိုခဲ့တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးလှသိန်းကပြောပါတယ်။

နေ့ကနေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးညှိုနှိုင်းအစည်းအဝေးမှာတောင်းဆိုခဲ့တာဖြစ်တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်းကသတင်းမီဒီယာတွေကိုပြောခဲ့တာပါ။

အင်တာဗျူး- ဦးလှသိန်း (ဗဟိုကော်မတီဝင်)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ပြည်သူတွေဆန္ဒနဲ့အညီထွက်ပေါ်လာမယ့် မဲရလဒ်ဖြစ်ဖို့ လုပ်ဆောင်နေ တယ်လို့ သိရှိရတဲ့အတွက် NLD ပါတီအနေနဲ့ အထူးပြောဆိုဆွေးနွေးစရာရှိဘူးလို့ NLD ပါတီကိုယ်စား အစည်းအဝေးတက်ရောက်ခဲဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အင်တာဗျူး- ဦးအောင်ကြည်ညွန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ

အစည်းအဝေးအတွင်းတင်ပြခဲ့တဲ့ အချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စုံခုံအစည်းအဝေးကျင်းပပြီးအဆုံးအဖြတ်ပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့တဲ့ အတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း နိုင်ငံရေးပါတီအချို့က ပြောပါတယ် ။ ဒါအပြင်၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးညှိုနှိုင်းအစည်းအဝေးဟုခေါင်းစဉ်တပ်ထားခဲ့ပေမယ့် အစည်းအဝေးအတွင်းရွေးကောက်ပွဲနှင့် သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ် အထူးဆွေးနွေးခြင်းမရှိခဲ့ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ပူးတွဲထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ကိစ္စအပေါ် အဓိကထားရှင်းလင်းထားတဲ့ အစည်းအဝေးဖြစ်နေတယ်လို့ လည်းမှတ်ချက်ပြုပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမဲစာရင်းကိုအချိန်မှီထုတ်ပြန်ပေးဖို့ ပြည်ထောင်စု ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံတင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ် ။ဒီသတင်းကို MCN သတင်းထောက် သော်တာတိုး တင်ဆက်ပေးထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်း ကောက်ခံမှုတွေ ပြုလုပ်ပြီး ဖြစ်တဲ့ အတွက် မဲစာရင်းတွေ ကိုအချိန်မှီထုတ်ပြန်ပေးဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတင်ပြတောင်းဆိုခဲ့တယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီဝင် ဦးလှသိန်းကပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့ကနေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများတွေ့ဆုံပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးညှိုနှိုင်းအစည်းအဝေးမှာတောင်းဆိုခဲ့တာဖြစ်တယ်လို့ ပါတီဗဟိုကော်မတီဝင် ဦးလှသိန်းကသတင်းမီဒီယာတွေကိုပြောခဲ့တာပါ။

အင်တာဗျူး- ဦးလှသိန်း (ဗဟိုကော်မတီဝင်)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့၊ ပြည်သူတွေဆန္ဒနဲ့အညီထွက်ပေါ်လာမယ့် မဲရလဒ်ဖြစ်ဖို့ လုပ်ဆောင်နေ တယ်လို့ သိရှိရတဲ့အတွက် NLD ပါတီအနေနဲ့ အထူးပြောဆိုဆွေးနွေးစရာရှိဘူးလို့ NLD ပါတီကိုယ်စား အစည်းအဝေးတက်ရောက်ခဲ့ဲတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အင်တာဗျူး- ဦးအောင်ကြည်ညွန့် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ

အစည်းအဝေးအတွင်းတင်ပြခဲ့တဲ့ အချက်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် စုံခုံအစည်းအဝေးကျင်းပပြီးအဆုံးအဖြတ်ပေးမယ်လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောဆိုခဲ့တဲ့ အတွက် ဆုံးဖြတ်ချက်ချမှတ်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း နိုင်ငံရေးပါတီအချို့က ပြောပါတယ်။ ဒါအပြင်၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးညှိုနှိုင်းအစည်းအဝေးဟုခေါင်းစဉ်တပ်ထားခဲ့ပေမယ့် အစည်းအဝေးအတွင်းရွေးကောက်ပွဲနှင့် သက်ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ် အထူးဆွေးနွေးခြင်းမရှိခဲ့ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၀ ပူးတွဲထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်တဲ့ ကိစ္စအပေါ် အဓိကထားရှင်းလင်းထားတဲ့ အစည်းအဝေးဖြစ်နေတယ်လို့ လည်းမှတ်ချက်ပြုပြောဆိုခဲ့ကြတာ ဖြစ်ပါတယ်။