တောင်သူတွေအတွက် ၂၀၁၈-၁၉ မှာ မြေလွတ်၊ မြေရိုင်း ဧကတစ်ထောင်ကျော် ဖော်ထုတ်ပေးနေ

0
53

တောင်သူတွေအတွက် ၂၀၁၈-၁၉ မှာ မြေလွတ်၊ မြေရိုင်း ဧကတစ်ထောင်ကျော် ဖော်ထုတ်ပေးနေတယ်လိ်ု့ စက်မှုလယ်ယာဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦ်းစီးဌာနက တောင်သူတွေရဲ့ ကုန်ထုတ်လမ်းအဆင်ပြေစေရန်နဲ့ ရေသွင်းြေ့မာင်းနဲ့ စပါးစိုက်ဖို့ အဆင်ပြေရန်ရည်ရွယ်ပြီး၊ စနစ်တကျလယ်ယာမြေတွေကို တောင်သူတွေနဲ့ ပူးပေါင်းကာ ဖေါ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက တိုင်းဒေသကြီးရန်ပုံငွေနဲ့ ၂၀၁၈-၁၉ ခုနှစ်မှာ မြေလွတ်၊ မြေရိုင်း ဧက တစ်ထောင်ကျော်ကို ဖေါ်ထုတ်ပေးနေတယ်လို့ စက်မှုလယ်ယာဦးစီးဌာနက ပြောပါတယ်။

Soundbite ဦးခင်မောင်ဇင် (ညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန

အဲဒီလို မြေလွတ်၊ မြေရိုင်း ဧက တစ်ထောင်ကျော် ဖော်ထုတ်နေတဲ့အထဲက နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဧက ၅၀ဝ ကျော် ပါဝင်တယ်လို့လည်း ပြောပါတယ်။

Soundbite ဦးခင်မောင်ဇင် (ညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန

လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ရန်ပုံငွေနဲ့ ဝက်လက်၊ ကန့်ဘလူ၊ မုံရွာ၊ ဘုတလင် မြို့နယ်တွေမှာ စနစ်တကျလယ်ယာမြေ ဧက ၆၀ဝ ကိုဖော်ထုတ်ပေးသွားမှာဖြစ်ပြီး လဟယ်၊ ဗန်းမောက် ၊ တမူး၊ ရေဦး၊ ကလေးဝ မြို့နယ်တွေမှာ မြေလွတ်မြေရိုင်း ဧက ၇၀ဝ ကျော်နဲ့ လေရှီး နဲ့ လဟယ် မြို့နယ်တွေမှာ တောင်သူအစီအစဉ်နဲ့ မြေလွတ်မြေရိုင်း ဧက ၃၀ဝ ကျော် ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

တောင်သူတွေအတွက် ၂၀၁၈-၁၉ မှာ မြေလွတ်၊ မြေရိုင်း ဧကတစ်ထောင်ကျော် ဖော်ထုတ်ပေးနေတယ်လို့ စက်မှုလယ်ယာဦးစီးဌာနက ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မာဆွေက ပေးပို့ထားပြီး တင်မောင်ထွေးက တင်ဆက်ပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦ်းစီးဌာနက တောင်သူတွေရဲ့ ကုန်ထုတ်လမ်းအဆင်ပြေစေရန်နဲ့ ရေသွင်းေြ့မာင်းနဲ့ စပါးစိုက်ဖို့ အဆင်ပြေရန်ရည်ရွယ်ပြီး၊ စနစ်တကျလယ်ယာမြေတွေကို တောင်သူတွေနဲ့ ပူးပေါင်းကာ ဖေါ်ထုတ်ပေးနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စက်မှုလယ်ယာဦးစီးဌာနက တိုင်းဒေသကြီးရန်ပုံငွေနဲ့ ၂၀၁၈-၁၉ ခုနှစ်မှာ မြေလွတ်၊ မြေရိုင်း ဧက တစ်ထောင်ကျော်ကို ဖေါ်ထုတ်ပေးနေတယ်လို့ စက်မှုလယ်ယာဦးစီးဌာနက ပြောပါတယ်။

Soundbite ဦးခင်မောင်ဇင် (ညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန

အဲဒီလို မြေလွတ်၊ မြေရိုင်း ဧက တစ်ထောင်ကျော် ဖော်ထုတ်နေတဲ့အထဲက နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ဧက ၅၀၀ ကျော် ပါဝင်တယ်လို့လည်း ပြောပါတယ်။

Soundbite ဦးခင်မောင်ဇင် (ညွှန်ကြားရေးမှူး) စစ်ကိုင်းတိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာန

လာမယ့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီး ရန်ပုံငွေနဲ့ ဝက်လက်၊ ကန့်ဘလူ၊ မုံရွာ၊ ဘုတလင် မြို့နယ်တွေမှာ စနစ်တကျလယ်ယာမြေ ဧက ၆၀၀ ကိုဖော်ထုတ်ပေးသွားမှာဖြစ်ပြီး လဟယ်၊ ဗန်းမောက် ၊ တမူး၊ ရေဦး၊ ကလေးဝ မြို့နယ်တွေမှာ မြေလွတ်မြေရိုင်း ဧက ၇၀၀ ကျော်နဲ့ လေရှီး နဲ့ လဟယ် မြို့နယ်တွေမှာ တောင်သူအစီအစဉ်နဲ့ မြေလွတ်မြေရိုင်း ဧက ၃၀၀ ကျော် ဖေါ်ထုတ်သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)