အမှန်တကယ် လိုချင်တဲ့စိတ်ရှိရင် ငြိမ်းချမ်းရေး မရစရာအကြောင်း မရှိဘူးလို့ တပ်ချုပ်ပြော

0
67

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့စိတ် ရှိမယ်ဆိုရင် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာပြုလုပ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမေတ္တာ (RfP-M) အဖွဲ့ရဲ့ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း ဖွင့်ပွဲအခမ်းအနားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့တာပါ။



ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်တဲ့စိတ် ရှိမယ်ဆိုရင် ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူးလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာလ ၁၄ ရက်နေ့နဲ့ ၁၅ ရက်နေ့မှာပြုလုပ်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းမေတ္တာ (RfP-M) အဖွဲ့ရဲ့ တတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း ဖွင့်ပွဲအခမ်းအနားမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်မှာစကား ပြောကြားစဉ် ထည့်သွင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် နိုင်ငံဟာ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတာဖြစ်လို့ ကျွန်တော်တို့ရဲ့ လိုလားချက်တွေကို လက်နက်ကိုင်ပြီး တောင်းဆိုနေလို့ မရကြောင်းနဲ့ လက်နက်တွေကို ဘေးချပြီး ဆွေးနွေးမှုတွေနဲ့ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။