မိုင်လို မြန်မာမှ အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အာကစားပြိုင်ပွဲဝင် အားကစားသမားများအား အာဟာရဖြင့် ပံ့ပို

0
42

မိုင်လို မြန်မာမှ အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အာကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် နိုင်ငံကိုယ်စားပြု အားကစားသမားများကို အားပေးရင်း ၎င်းတို့အား ချန်ပီယံများဖြစ်ပေါ်လာစေရန် အာဟာရအင်အားဖြင့် ပံ့ပိုးပေးခြင်း

■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■■

နိုဝင်ဘာလ (၉) ရက်နေ့၊ အောင်ဆန်း မိုးလုံလေလုံ အားကစားကွင်း၊ ရန်ကုန်၊ မြန်မာ။ နက်စလေ၏ ထုတ်ကုန်တစ်ခုဖြစ်သော မိုင်လို အမှတ်တံဆိပ်သည် လာမည့် နိုဝင်ဘာလ ၃၀ ရက်နေ့မှ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပပြုလုပ်သွားမည့် အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှ အာကစားပြိုင်ပွဲတွင် ရွှေမိတ်ဖက် (Gold Partner) အဖြစ် ကူညီ ပံ့ပိုးထားပါသည်။ ထို့ကြောင့် မိုင်လို မြန်မာမှ အဆိုပါ အရှေ့တောင် အာရှ အာကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအား ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သွားမည့် အားကစား သမားများကို အားပေးရန် ရည်ရွယ်၍ မြန်မာငွေ သိန်း ၃၀ ကျပ်တန်ဖိုးရှိ အာဟာရ အင်အားပြည့် မိုင်လိုထုတ်ကုန်များဖြင့် ပံ့ပိုးပေးခဲ့ပါသည်။

အဆိုပါ ကုန်ပစ္စည်း ပေးအပ်ပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိ အောင်ဆန်း  မိုးလုံလေလုံ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ နိုင်ငံကိုယ်စားပြု အားကစား သမားများ ဖြစ်ကြသော မြှားပစ် အားကစားသမား နေလင်းဦး၊ တိုက်ကွမ်ဒို အားကစားသမား ဇော်ဇော်၊ ကရာတေး အားကစားသမား သဇင်အေး၊ လှေလှော်အားကစားသမား ကျော်ဇောအေးနှင့် ဘိလိယက် အားကစားသမား နေသွေးဦးတို့နှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးစိုးအောင် မှ ပွဲသို့တက်ရောက် အမှာစကား ပြောကြားပြီး မိုင်လိုထုတ်ကုန်များကိုလက်ခံရယူခဲ့ပါသည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ်မှစပြီး နက်စလေ မြန်မာသည် မြန်မာပြည် စျေးကွက်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး ထိုအချိန်မှစတင်ကာ မိုင်လိုမြန်မာသည် ကျောင်းနေအရွယ် ကလေးများ အတွက် လိုအပ်သော အာဟာရအင်အားများ ရရှိနိုင်ရန် လုပ်ဆောင်ခဲ့ပါသည်။ ထို့အပြင် မိုင်လိုမြန်မာအနေဖြင့် လူငယ်များ အားကစားကို ပိုမိုလုပ်ဆောင်ကာ ချန်ပီယံများအဖြစ် ပေါ်ထွက်လာစေရေးအတွက် ပံ့ပိုးပေးခြင်းဖြင့် ကျန်းမာသော လူနေမှုဘဝပုံစံကို ပိုင်ဆိုင်နိုင်ရန် အစဉ်တစိုက် အားပေးလျှက်ရှိပါသည်။

“အာဟာရအင်အားနဲ့ ကျန်းမာသွက်လက်တဲ့ လူနေမှုဘဝကိုပိုင်ဆိုင်ဖို့ အမြဲ အားပေးပြီး အထောက်အကူပြုပေးနေတဲ့ မိုင်လိုက အားကစားဟာ အကောင်းဆုံး ဆရာဖြစ်တယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်စွဲထားပြီး၊ လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ၊ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့မှာ ကျင်းပသွားမယ့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ Gold Sponsor အဖြစ်နဲ့ ကူညီခွင့်ရတာ အရမ်းပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။” ဟု မိုင်လိုမြန်မာ၏ Brand Manager ဖြစ်သူ မအေးအေးထွန်းမှ ပြောကြားခဲ့ပါသည်။

“လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က မြန်မာ နိုင်ငံမှာ ကျင်းပပြုလုပ်သွားတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်မပါဝင်တဲ့ အမျိုးသမီး ကရာတေး အဖွဲ့ဟာ ရွှေတံဆိပ်ကို ရယူနိုင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံ ၈ နိုင်ငံမှာ ဆုတံဆိပ်အများဆုံး ရယူနိုင်ခဲ့တဲ့ စတုတ္ထ နိုင်ငံအဖြစ်  နေရာရရှိခဲ့ပါတယ်။ ဒီတစ်ခါကျင်းပမယ့် အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာလည်း အနိုင်ရ ဆုတံဆိပ်တွေ အများကြီးနဲ့ အိမ်ပြန်လာနိုင်အောင် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်မတို့လို ဂျူဒိုအားကစားသမားတွေအတွက် အဓိကလိုအပ်တဲ့ အာဟာရစွမ်းအင် ရရှိဖို့အတွက် အာဟာရပြည့်ဝတဲ့ မိုင်လိုထုတ်ကုန်တွေကို ပေးအပ်သွားတဲ့ မိုင်လိုမြန်မာကို ကျေးဇူးအထူးတင်ရှိပါတယ်။” ဟု ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အမျိုးသမီး အဖွဲ့လိုက် ရွှေတံဆိပ်ဆုရှင် ဂျူဒို အားကစားသမား မသဇင်အေးမှ ကျေးဇူးတင် စကား ပြောကြားခဲ့ပါသည်။

“အားကစားသည် အကောင်းဆုံးသော ဆရာဖြစ်သည်။”  ဟူသော ယုံကြည်ချက်ဖြင့် မိုင်လိုမြန်မာသည် ကျောင်းနေအရွယ် ကလေးငယ်များ အနေဖြင့် အားကစားတွင်ပိုမို စိတ်ပါဝင်စားလာစေရန် အားပေးလုပ်ဆောင်လျှက်ရှိပြီး၊ အားကစားကြောင့် သွက်လက်ထက်မြက်သော လူနေမှု ဘဝပုံစံကို ရရှိစေသည် ဟူသည့် အသိအမြင်အား မြှင့်တင်ပေးလျှက်ရှိပါသည်။ အားကစား လုပ်ဆောင်ခြင်းကြောင့် ခန္ဓာကိုယ် လုပ်ဆောင်ချက် များအား တက်ကြွစေခြင်း၊ ကျန်းမာပြီး ပြင်ပရောဂါများ အလွယ်တကူ ဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း စသည့် အကျိုးကျေးဇူးများအပြင် အသင်းအဖွဲ့ဖြင့် အလုပ် လုပ်ကိုင်တတ်သော စိတ်ဓာတ်၊ အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာခြင်း၊ ခေါင်းဆောင်မှု စိတ်ဓာတ်နှင့် လူမှုပေါင်းသင်း ဆက်ဆံရေး စွမ်းရည်များကိုလည်း ပိုမို တိုးတက်စေပါသည်။ အားကစားလုပ်ခြင်းဖြင့် ရရှိလာသော ကျန်းမာပြီး သွက်လက်ထက်မြက်သော လူနေမှုဘဝပုံစံကြောင့် လူငယ်များအနေဖြင့် ဉာဏ်ရည် ထက်မြက်ပြီး ပိုမိုကြံ့ခိုင်ကာ အနာဂါတ်တွင် ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်သော နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာမည် ဖြစ်ပါသည်။ ထိုသို့ ကျန်းမာပြီး သွက်လက်ထက်မြက်သော လူနေမှုဘဝကို ပိုင်ဆိုင်နိုင်ရန် လိုအပ်သော စွမ်းအင်များကို ပေးစွမ်းနိုင်ရန်အတွက် မိုင်လိုမြန်မာသည် စားသုံးသူများ လိုအပ်သော အာဟာရ အင်အားကို ၎င်း၏ အရည်အသွေးမြင့် ကုန်ပစ္စည်းများဖြင့်် စားသုံးသူများ ကိုယ်ကာယနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု စသည်တို့နှင့် နှင့်အတူ ဘဝတွင် အောင်မြင်မှုများ ရရှိ ပိုင်ဆိုင်ရန် ကူညီပံ့ပိုးပေးလျှက်ရှိပါသည်။ မိုင်လိုတွင်ပါဝင်သော အာဟာရ အင်အား သည် ကျောင်းနေအရွယ် ကလေးများ၏ တစ်နေ့တာအတွက် လိုအပ်သော အာဟာရ အင်အားများကို လုံလောက်စွာ ပေးစွမ်း နိုင်သောကြောင့် ကျောင်းစာအပြင်၊ အားကစားနှင့် အခြား နေ့စဉ် လုပ်ငန်းဆောင်တာများကို အကောင်းဆုံး လုပ်ဆောင်နိုင်ရန်အတွက် အထောက်အကူပေးပါသည်။


အာဟာရ အချိုးအစား သင့်တင့်မျှတစွာပါဝင်သော မိုင်လိုတစ်ခွက်တွင် အဆင့်မြင့်မုယော၊ သဘာဝ နွားနို့စစ်စစ်၊ ဗီတာမင်နှင့် သတ္ထုဓာတ်၊ အစရှိသော အာဟာရ အင်အားများ ပြည့်ဝစွာ ပါဝင်သောကြောင့် မကြာခင်ကျင်းပတော့မည့် အကြိမ် (၃၀) မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများ လိုအပ်သော အာဟာရ အင်အားကို ပေးစွမ်းနိုင်ပါသည်။ အဆင့်မြင့်မုယောစပါးဖြစ်သည့် PROTOMALT (ပရိုတိုမော့) သည် မိုင်လိုတွင် ပါဝင်သော အာဟာရ အရင်းအမြစ်ဖြစ်ပြီး အားကစားလှုပ်ရှားမှု နှင့် လေ့ကျင့်ရေး လုပ်ငန်းများ  ပြုလုပ်သော အချိန်များတွင် ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် လိုအပ်သော စွမ်းအင်များကို အကောင်းဆုံးအသုံးချနိုင်ရန် ကူညီပေးပါသည်။

“အကြိမ် ၃၀ မြောက်ကျင်းပတဲ့ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ကြမယ့် နိုင်ငံကိုယ်စားပြု အားကစား သမားတွေဟာ အခုအခါ အပြင်းအထန် လေ့ကျင့်နေကြပြီး၊ ပြိုင်ပွဲမှာလည်း အကောင်းဆုံးသော ကြိုးစားအားထုတ်မှုတွေကို ပြသသွားမှာ ဖြစ်တဲ့အတွက်ကြောင့် မိုင်လိုမြန်မာရဲ့ အားပေးမှုနဲ့အတူ အားလုံးပဲ ပြည့်ဝတဲ့ အာဟာရအင်အားကြောင့် ပြိုင်ပွဲမှာ အနိုင်ရပြီး အောင်မြင်မှု သရဖူဆောင်းတဲ့ ချန်ပီယံတွေအဖြစ်နဲ့ ပြန်လာနိုင်ဖို့အတွက်  ပံ့ပိုးကူညီပေးချင်ပါတယ်။” ဟု မအေးအေးထွန်းမှ ထပ်မံ ပြောကြားခဲ့ပါသည်။