ေနရပ္ မျပန္လိုသူေတြ ဒုကၡသည္စခန္းမွာ ဆႏၵျပ

0
1255

ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ ေကာက္ဘဇား၊ အြန္ခ်ီပရန္ ဒုကၡသည္စခန္းမွာ ေနရပ္မျပန္လိုတဲ့ ရာနဲ႔ခ်ီတဲ့ ဘဂၤါလီ ဒုကၡသည္ေတြက ဒီေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔မွာ ဆႏၵျပခဲ့ၾကပါတယ္။ အိမ္မျပန္လိုပါ၊ တရားမွ်တမႈ လိုခ်င္ပါတယ္ စတဲ့ အဂၤလိပ္လို ေရးထားတဲ့ စာရြက္ေတြကို ကိုင္ေျမွာက္ၿပီး ဆႏၵျပခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေန႔ ႏိုဝင္ဘာလ ၁၅ ရက္ေန႔ဟာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရတို႔ ဒုကၡသည္ေတြကို ေနရပ္ျပန္ပို႔ဖို႔ သေဘာတူထားတဲ့ေန႔ ျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ေနရပ္ျပန္ပို႔မယ့္ကိစၥကို ဆိုင္းငံ့ထားလိုက္တယ္လို႔ Reuters သတင္းဌာနက ေရးသားေပမယ့္ တရားဝင္ သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။

ျပည္ထဲေရးဝန္ႀကီးဌာနကို ေနရပ္ျပန္မယ့္သူ ၈၀၃၂ ဦး စာရင္းေပးခဲ့ၿပီး အဲဒီအထဲက လူ ၅ ေထာင္ကို စိစစ္ၿပီးျဖစ္တယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးျမင့္သူက ႏိုဝင္ဘာလ ၁၁ ရက္ေန႔ ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြကေန ေနရပ္ျပန္လိုသူ ၂၂၆၀ ကို ပထမအသုတ္အေနနဲ႔ ႏိုဝင္ဘာလလယ္မွာ ငါးခူရေရလမ္းက စတင္ေခၚယူတာျဖစ္ၿပီး ဒုတိယအသုတ္အျဖစ္ ၂၀၉၅ ဦးကို ေတာင္ၿပိဳလက္ဝဲ ကုန္းလမ္းက ေခၚယူမွာ ျဖစ္ပါတယ္။
ဆႏၵအေလ်ာက္ ေနရပ္ျပန္လိုျခင္း ရွိ၊ မရွိ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ံုး (UNHCR) ကို အသိေပးျခင္း မရွိဘဲ ဘယ္ဘဂၤါလီ ဒုကၡသည္မွ ေနရပ္ျပန္ပို႔ဖို႔ မစီစဥ္ခဲ့ဘူးလို႔ ဘဂၤလားေဒ့ရွ္ တာဝန္ရွိသူေတြက ေျပာထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

နေရပ်မပြန်လိုသူတွေ ဒုက္ခသည်စခန်းမှာ ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇား၊ အွန်ချီပရန် ဒုက္ခသည်စခန်းမှာ နေရပ်မပြန်လိုတဲ့ ရာနဲ့ချီတဲ့ ဘင်္ဂါလီ ဒုက္ခသည်တွေက ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အိမ်မပြန်လိုပါ၊ တရားမျှတမှု လိုချင်ပါတယ် စတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်တွေကို ကိုင်မြှောက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဒီနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ သဘောတူထားတဲ့နေ့ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက နေရပ်ပြန်ပို့မယ့်ကိစ္စကို ဆိုင်းငံ့ထားလိုက်တယ်လို့ Reuters သတင်းဌာနက ရေးသားပေမယ့် တရားဝင် သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ပြည်ထဲရေးဝန်ကြီးဌာနကို နေရပ်ပြန်မယ့်သူ ၈၀၃၂ ဦး စာရင်းပေးခဲ့ပြီး အဲဒီအထဲက လူ ၅ ထောင်ကို စိစစ်ပြီးဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက နိုဝင်ဘာလ ၁၁ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ နေရပ်ပြန်လိုသူ ၂၂၆၀ ကို ပထမအသုတ်အနေနဲ့ နိုဝင်ဘာလလယ်မှာ ငါးခူရရေလမ်းက စတင်ခေါ်ယူတာဖြစ်ပြီး ဒုတိယအသုတ်အဖြစ် ၂၀၉၅ ဦးကို တောင်ပြိုလက်ဝဲ ကုန်းလမ်းက ခေါ်ယူမှာ ဖြစ်ပါတယ်။
ဆန္ဒအလျောက် နေရပ်ပြန်လိုခြင်း ရှိ၊ မရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကို အသိပေးခြင်း မရှိဘဲ ဘယ်ဘင်္ဂါလီ ဒုက္ခသည်မှ နေရပ်ပြန်ပို့ဖို့ မစီစဉ်ခဲ့ဘူးလို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)